Sunday 9 June 2019

ငါးဥ သရက်သီးစိမ်းကြော်










ဒီနေ့တော့ ဗီယက်နမ်ဈေးက ဝယ်လာတဲ့ ငါးဥလေးတွေကို သရက်သီးစိမ်းနဲ့ ချဉ်စိမ့်စိမ့်လေး ကြော်ဖြစ်လို့ စားလို့ရမ်းကောင်းလွန်းတဲ့ ငါးဥ အချဉ်ဆီပြန်ကြော်လေး ချက်ဖြစ်သွားတာနဲ့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးဥ - ၂ခု
  2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ငါးမွှာ
  3. ကြက်သွန်နီ - အနေတော် နှစ်လုံး
  4. ချင်း - လက်တစ်ဆစ်ခန့်
  5. သရက်သီးစိမ် - အနေတော် နှစ်လုံး
  6. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. ဆီ - ထမင်းစားဇွန်း ၅ဇွန်း (ဆီများများကြိုက်ပါက ပိုထည့်ပါ)
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ

  • ငါးဥကို ရေဆေးပြီး အနေတော် အတုံးလေးတွေ ပိုင်းထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အနေတော်လေးတွေ လှီးပေးထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးပေးထားပါ
  • သရက်သီးစိမ်းကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • အရင်ဆုံး pressure cooker ကို simmer ခလုတ်ကိုနှိပ်ပြီး ၇မိနစ် ချိန်ပေးပါ
  • ပြီးတာနဲ့ အိုးထဲမှာ ဆီထည့်ပေးပြီး ဆီပူလာအောင် တည်ပေးပါ
  • ဆီပူလာပါက နနွင်းမှုန့် ချင်း ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် ချင်းတို့ကို တစ်မိနစ်လောက် မွှေးလာတဲ့ထိ ကြော်ပေးပါ
  • ဆီကြော်နံ့မွှေးလာပြီး ကြက်သွန်များ နွမ်းလာပါက သရက်သီးစိမ်းကို ထည့်ကြော်ပေးပါ
  • သရက်သီးစိမ်းများ အိသွားပါက ငါးဥ ဆား ငါးငံပြာရည် အရသာမှုန့်တို့ကိုထဲ့ပြီး ငါးဥအသားများ ကျေလာတဲ့အထိ သစ်သားယောင်းမဖြင့် ဖိချေပေးပါ
  • ငါးဥများ ကျေသွားတာနဲ့ ဆီကြွတ်ကြွတ် မြည်လာတဲ့အထိ တည်ပေးပါ
  • ဆီမပြန်ခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ဆီပြန်လာပါက ချဉ်ချဉ်စိမ့်စိမ့်လေးနဲ့ အရမ်းစားလို့ ကောင်းလွန်းတဲ့ ငါးဥသရက်သီးစိမ်းကြော် ဟင်းလေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment