Monday 27 May 2019

ဂုံးထောင်း













ဒီနေ့တော့ ဂုံးလေးတွေ ဝယ်လာပြီး ထောင်းပါတယ် ဂုံးကပွုပျပွီးသားလေးေှ ဖြစ်တဲ့အတွက် ထပ်ပြုပ်စရာ မလိုဘဲ ရေနွေးပူပူလေးနဲ့ ဆေးပေးရင်ရပါတယ် ဂုံးအစိမ်းကို သုံးမယ်ဆိုရင်တော့ ပြုပ်ပေးရန် လိုပါတယ်။

အားလုံးပြင်ဆင်ပြီးပြီဆိုတာနဲ့ အေးလွန်းတဲ့ ရာသီဥတုနဲ့ လိုက်ဖက်ပြီး အင်မတန်မှ စားလို့ကောင်းလွန်းတဲ့ ဂုံးလေးတွေကို ထောင်းလိုက်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ထောင်းထားတဲ့နည်းလေး တစ်မျိုးကို ထပ်မံပြီး မျှဝေပေး လိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဂုံး - ၂၅ကောင်ခန့်
  2. ငရုတ်သီး အခြောက်တောင့် - ၅တောင့်
  3. ထန်းလျှက်ခဲ - ကွမ်းသီးဆံ အလုံးလောက် တစ်ခဲ
  4. အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ကြက်သွန်ဖြူ-  အမွှာကြီးကြီး ၃မွှာ
  7. ငါးငံပြာရည်အနောက် -ထမင်းစားဇွန်း တစ်ဇွန်း
  8. ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း 
  9. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ဂဏန်းပြုပ်ရန်)
  10. ချယ်ရီခရမ်းချဉ်သီး - ၁၀လုံးခန့်(သို့ ) အလုံးကြီးကြီး တစ်လုံး
  11. သံပုရာသီး - တစ်လုံး (အချဉ်ကြိုက်ပါက ပိုထည့်ပါ )
ပြင်ဆင်ပုံ
  • မာမာက ပြုပ်ပြီးသား ဂုံးလေးတွေကို သုံးပါတယ်။
  • ပြုပ်ပြီးသား ဂုံးများကို ရေဆေးပြီး ရေနွးပူပူနှင့် ဆယ်မိနစ်လောက် စိမ်ထားပေးပါ။
  • ခရမ်းချဉ်သီးကို ရေဆေးပြီး တ၀က်စီ ခြမ်းထားပါ။
  • ခရမ်းချဉ်သီး အလုံးကြီးကို သုံးပါက ခပ်ထူထူလေး လှီးထားပါ။
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ။
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်း ခြမ်းပေးထားပါ။
  • မပြုပ်ရသေးသေ ဂုံးကို သုံးပါက ဂုံးကိုရေစင်အောင် ဆေးထားပါ။
  • ရေဆေးပြီးတာနဲ့ အိုးတစ်လုံးထဲမှာ ဂုံးနှင့် ရေအနည်းငယ်နှင့် ထည့်ပြီး ဆားအနည်းငယ်ထည့်ကာ ဂုံးများ ပါးစပ်ဟလာအောင် ပြုပ်ပေးပါ။
  • ပြုပ်ထားသော ဂုံးအခွံများ ဟလာတာနဲ့ ရေဆေးပြီး အေအးခံ ပေးထားပါ။
ထောင်းရန်ပြင်ဆင်ပုံ
  • ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ထန်းလျှက်ခဲ ကြက်သွန်ဖြူ ငရုတ်သီးအခြောက်တောင့်တို့ကိုထည့်ပြီး မညက်တညက် ထည့်ထောင်းပါ။
  • ပြီးတာနဲ့ ခရမ်းချဉ်သီးတို့ကို နှစ်ချက်သုံးချက်လောက် ထည့်ထောင်းပေးပါ။
  • အနည်းငယ် သမသွားတာနဲ့ ငံပြာရည်နှစ်မျိုးလုံးနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ။
  • ထောင်းနေစဉ် အရသာ သမသွားအောင် ဇွန်းအရိုးရှည်ရှည်နှင့် မွှေမွှေပေးပါ။
  • အရသာ သမသွားတာနဲ့ ရေနွေးစိမ်ထားသော ဂုံးများကို ထည့်ပေးပြီး အရသာသမအောင် ဇွန်းနှင့် မွှေပေးပါ။
  • အရသာ သမလောက်ပြီ ဆိုတာနဲ့ သံပုရာရည်ကို ထည့်ပြီး ဇွန်းနှင့် ခပ်ဖွဖွလေး ၄ချက်လောက် မွှေပေးပါ။
  • မွှေနေစဉ် အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရသာ ရတဲ့အထိ ပြင်ပေးပါ။
  • မိမိစိတ်ကြိုက် အရသာ ရလာတာနဲ့ ချဉ်ငံစပ် ဂုံးထောင်းကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment