Monday 13 May 2019

ငရုတ်သီးစိမ်း ငါးကင်ထောင်း



ဒီနေ့တော့ ရာသီဥတုကလဲ အရမ်းအေးပြီး ရေတွေလဲ စခဲပါလာပါပြီ ဒီတော့လဲ အချမ်းဒဏ်ကို အံတုနိူင်ဖို့အတွက် စပ်ပြီးချဉ်ပေ့ဆိုတဲ့ ငရုတ်သီးစိမ်း ငါးကင်ထောင်းတဲ့ ထောင်းနည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက်
  2. ငါး - တစ်ဆယ်သား (မိမိနှစ်သက်ရာငါးကိုသုံးပါ)
  3. ငရုတ်သီးစိမ်း အလှော်မှုန့် - စားနိူင်သလောက်
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. အရသာမှုန့် - ထက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  8. သံပုရာသီး - အနေတော် တစ်လုံး
ပြင်ဆင်ပုံ
  • မိမိနှစ်သက်ရာငါးကို မလိုတာတွေဖယ်ပြီး ရေစင်အောင်ဆေးကာ ဆားအနည်းငယ်လူးပြီး ၁၅မိနစ်လောက် ကင်ပေးထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးကာ မွှေးသွားအောင် လှော်ပေးပါ
  • သုံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းပေးပါ
  • ငါးကင်ကို အရိုးအသား သတ်သတ်စီ ထွင်ပေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
ငါးကင်ထောင်းရန်
  • ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကို ငရုတ်ဆုံထဲထည့်ပြီး အရင်ဆုံး မညက်တညက် ထောင်းပေးပါ
  • ထိုအထဲသို့ အသားထွင်ထားသောငါး ငရုတ်သီး အလှော်မှုန့် ဆား ငံပြာရည်နှင့် အရသာမှုန့်တို့ကို ထည့်ပြီး ခပ်ဖွဖွ ထည့်ထောင်းပါ
  • အားလုံး သမသွားပြီဆိုတာနဲ့ သံပုရာရည် ညှစ်ထည့်ကာ ဇွန်းနှင့် သမအောင်မွှေပေးပြီး အရသာ မြည်းပေးပါ
  • အရသာကို လိုသလို ပြင်ပေးပြီးတာနဲ့ စားပွဲပြင်ရန် ပန်းကန်ထဲသို့ ပြောင်းထည့်ပေးပါ။

No comments:

Post a Comment