Tuesday 14 May 2019

ပလို့ပြောင်းဖူးထောင်း


ဒီနေ့တော့ အေးရှန်းဆိုင်က ပလို့ပြောင်းဖူးလေးတွေ ရလာတာနဲ့ ချိုချဉ်ငံစပ် ပြောင်းဖူးထောင်းလေး ထောင်းဖြစ်ပါတယ် အသီးအရွက်ထောင်းလေးတွေထောင်းတိုင်း ချိုချဉ်ငံစပ်လေးမို့ ဒီအတိုင်းလေးဘဲစားရတာ စားလို့အရမ်းကောင်းပါတယ်။

ပလို့ပြောင်းဖူးဖြစ်တဲ့အတွက် စေးစေးပိုင်ပိုင်လေးနဲ့ စားလို့အရသာ အင်မတန် ရှိပါတယ် ယိုးဒယား မိတ်ဆွေတွေ ထောင်းကျွေးတဲ့ နည်းအတိုင်း ထောင်းထားလို့ စားမြိန်အရန်ဟင်းလေး တစ်မှာသေချာပါတယ် ဒါကြောင့်မို့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပလို့ ပြောင်းဖူး - နှစ်ဖူး
  2. ချယ်ရီခရမ်းချဉ်သီး - ၅လုံးခန့်
  3. ပဲတောင့်ရှည် - ၅တောင့်ခန့်
  4. ကြက်သွန်ဖြူ - ၃မွှာ
  5. ပုဇွန်ခြောက် - ၁၅ကောင်ခန့်
  6. ငရုတ်သီး အခြောက်တောင့် - ၇တောင့်ခန့်
  7. ထန်းလျှက်ခဲ - ခပ်သေးသေး တစ်ခဲ
  8. ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. ဆား - အနည်းငယ်
  10. သံပုရာသီး - တစ်ခြမ်း
  11. ဆလတ်ရွက် - ၅ရွက်ခန့်
  12. ကြက်ဥ -၂လုံး

ပြင်ဆင်ပုံ
  • ပြောင်းဖူးကို ကျက်အောင်ပြုပ်ပြီး ဓါးနှင့်လှီးချပေးထားပါ
  • ဆလတ်ရွက်ကို ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခြံခြာကာ ရေဆေးထားပါ
  • ပဲတောင့်ရှည်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ထက်၀က်ခြမ်းထားပါ
  • ပုဇွန်ခြောက်ကို ရေဆေးထားပါ
  • ငရုတ်သီး အခြောက်တောင့်ကို ရေဆေးထားပါ
  • ငရုတ်သီးတောင့်ကို အညှာခြွေပြီး ရေဆေးထားပါ
  • ကြက်ဥကို အခွံခွာပြီး အနေတော် စိတ်ပေးထားပါ
  • ကျန်လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • ငရုတ်ဆုံထဲမှာ အရင်ဆုံး ငရုတ်သီးတောင့်နှင့် ပုဇွန်ခြောက်ကို မညက်တညက် ရအောင် ထည့်ထောင်းပါ
  • ပြီးတာနဲ့ထန်းလျှက်ခဲနှင့် ပဲသီးတို့ကို ခပ္ဖြဖြ ထည့်ထားပါ
  • ထောင်းထားတာတွေကို သမအောင် ဇွန်းနဲ့မွှေပေးပြီး ခရမ်းချဉ်သီး ဆား ငံပြာရည်နှင့် သံပုရာရည်တို့ထည့်ကာ ခပ်ဖွဖွထည့်ထောင်းကာ ဇွန်းနှင့်သမအောင် မွှေပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • အရသာပြင်ပြီးတာနဲ့ ပန်းကန်တခုထဲမှာ ဆလတ်ရွက်ခင်းပြီး ပြောင်းဖူးထောင်းကိုထည့်ကာ ကြက်ဥကိုထည့်ပေးပြီး ပြောင်းဖူးထောင်း ချိုချဉ်ငံစပ်လေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment