ဒီနေ့ကင်ဖြစ်တဲ့ ငါးကင်လေးပါ ငါးကင်အရသာ အတိုင်းရအောင် grill pan လေးနဲ့ ကင်ထားတာမို့ကင်ရတာလဲ လွယ်လဲလွယ် မြန်လဲမြန်ပါတယ်။
ဒီနိုင်ငံမှာ မာမာတို့စားတတ်တဲ့ ဘာဆာငါး တမျိုးနဲ့ကင်ပါမယ် ငါးအရသာနဲ့ အနံ့အတွက် လိုအပ်တာလေးတွေ နယ်ထားတာမို့ ကင်ပြီးတဲ့ အခါမှာ တော်တော်လေး စားလို့ကောင်းတာမို့မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ဘာဆာငါးပြား ကြီးကြီး - တပြား
- အရသာမှုန့် ( ကြက်သားမှုန့်) လက်ဖက်ရည်ဇွန်း - တစ်ဇွန်းမရှိတရှိ
- ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း - တစ်ဝက်မရှိတစ်ရှိ
- သံပုရာရည် လက်ဖက်ရည်ဇွန်း - တစ်ဇွန်းသာသာ
- ဆီ - အနည်းငယ်
- ငါးပြားကို ဆား ကြက်သားမှုန့် သံပုရည်နှင့် ငရုတ်ကောင်းမှုန့်တို့ကို ရောနယ်ပြီး ၁၀မိနစ်လောက် နှပ်ထားပေးပါ။
ပြင်ဆင်ပုံ
- ပထမဦးဆုံ gray pan ကို ပူလာအောင် မီးအပူပေးပါ
- Grill pan ပူလာတာနဲ့ဆီထမင်းစားဇွန်း နှစ်ဇွန်းခန့်ကိုထည့်ပြီး အိုးကို နှံ့အောင် သုတ်ပေးပါ
- ဆီသုတ်ပြီး ဆီပူလာတာနဲ့ မီးကိုနဲနဲ လျော့ပေးပြီးမှ ငါးကိုထည့်ပြီး ကင်ပေးပါ
- တဖက်ကို ၃မိနစ်လောက် ကင်ပေးရင် ရပါတယ်
- တဖက်ကျက်တာနဲ့နောက်တဖက်ကို မလှန်ခင် ငါးကိုဆီအနည်းငယ် သုတ်ပေးပြီးမှ လှန်ပေးပါ
- နှစ်ဖက်လုံး ကျက်သွားပြီဆိုတာနဲ့မိမိနှစ်သက်သလို စားသုံးနိုင်ရန် စားပွဲပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment