ခြံထွက် ရွှေဖရံညွန့်လေးရလို့ ဟင်းခါးပူပူလေး ချက်သောက်ဖြစ်ပါတယ် ဟင်းအရည်သောက်လေးပါမှ ထမင်းက မြိန်တတ်တာမို့ ဒီနေ့တော့ ဟင်းခါးပူပူလေးနဲ့ စားပါမယ် ချက်နည်းလွယ်ကူပြီး သောက်လို့ကောင်းတဲ့ ဟင်းခါးချက်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- အရင်ဆုံး ရွှေဖရုံညွန့်လေးတွေကို အကြောသင်ပေးပြီး အနေတော် ပိုင်းဖြတ်ပေးပါ
- ပိုင်းဖြတ်ထားသော အညွန့်များကို ရေဆေးပြီး ရေစစ်ထားပါ
- ပုဇွန်ခြောက် ၁၅ကောင်လောက်ကို ရေစိမ်ပြီး မညက်တစ်ညက် ထောင်းပေးပါ
- ကြက်သွန်ဖြူ ၄မွှာကို မညက်တစ်ညက် ထောင်းထားပါ
- ငရုတ်ကောင်းအလှော် ၇စေ့လောက်ကို ညက်နေအောင် ထောင်းထားပါ
- အိုးတစ်လုံးထဲတွင် ရေကို တရုတ်ဟင်းရည်သောက် ပန်းကန်၂လုံးစာထဲ့ပြီး တည်ပေးပါ
- ရေထဲတွင် ထောင်းထားသော ပုဇွှန်ခြောက်မှုန့် ဆားလက်ဖက်ရည်ဇွန်း တစ်ဇွန်း ကြက်သားမှုန့် . လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာထည့်ပြီး ဆူအောင်တည်ပေးပါ
- ရေဆူလာပါက ကြက်သွန်ဖြူနှင့်ငရုတ်ကောင်းမှုန့် ကိုရောထောင်းပြီး ဟင်းရည်အိုးထဲထည့်ပေးပါ
- ပြီးတာနဲ့ ရွှေဖရုံညွန့်ကိုထည့်ပြီ နှစ်မိနစ်လောက် ဆူအောင်တည်ပေးပါ
- ဟင်းရည်အိုး ကျက်ပြီဆိုတာနဲ့ပူပူလေး သုံးဆောင်ပါ
- ချက်ချင်းမစားဖြစ်သေးပါက ရွှေဖရုံညွန့် အရောင်မပြောင်းစေရန် ဇကာနှင့်အုပ်ထားပါ။
No comments:
Post a Comment