Saturday 7 April 2018

ကညွှတ်ကြော်ချက်


ဒီနေ့တော့ ကညွှတ်ကို ရိုးရိုးချက်တာထက် ဆီပြန်လေး စားချင်တာနဲ့ သတ်သတ်လွတ် ဆီပြန်ကြော်ချက်လေး ချက်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာချက်တဲ့ ချက်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်​ပစ္စည်းများ

  1. ကညွှတ် - ဆယ်ပင်ခန့်
  2. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတစ်ပုံ
  8. ငရုတ်သီး အရောင်တင်မှုန့်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  1. ကညွှတ်ကို အပင်လိုက် ရေဆေးပေးပါ
  2. ရေဆေးပြီးတာနဲ့ အပင်ရဲ့ ရင့်နေတဲ့ နေရာများကို အကြောသင်ပေးပါ
  3. ပြီးတာနဲ့ အပင်ကို စဉ့်နီတုန်းပေါ်တင်ကာ ခပ်လေးလေး အပြားကြီးသော ဓါးနှင့် ဓါးပြားရိုက်ပေးပါ
  4. ဓါးပြားရိုက်ပြီးတာနဲ့ အနေတော် ပိုင်းဖြတ်ထားပေးပါ
  5. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  6. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  7. ငရုတ်သီး အရောင်တင်မှုန့် ဆီ ဆား ပုဇွန်ခြောက်မှုန့် နနွင်းမှုန့် အစရှိသည်တို့ကို ပြင်ထားပါ
  8. ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
  9. ဆီအငွေ့ တက်လာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို နွမ်းရုံလေး ထည့်ကြော်ပါ
  10. ပြီးတာနဲ့ ငရုတ်သီး အေ၇ာင်တင်မှုန့်ကို ထည့်မွှေပေးပါ
  11. ငရုတ်သီးနံ့ သင်းလာတာနဲ့ ကညွှတ်များထည့်ပြီး ဆားနှင့် အရသာမှုန့်ထည့်မွှေပါ
  12. နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ရေအနည်းငယ် ထည့်ပေးကာ အဖုံးအုပ်ပြီး တည်ပေးပါ
  13. ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ဆီပြန်အောင် ထားပေးပါ
  14. ဆြီပန်လာပြီးတာနဲ့ ကညွှတ်ဆီပြန်ဟင်းကို နှစ်သက်သလို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment