Monday 28 November 2016

ကြက်ကလယ်ချက် မွှေးမွှေးလေး


ဒီတခါတော့ ကြက်သားကို မဆလာနံ့ သင်းသင်းလေးနဲ့အရသာ တမျိုးပြောင်းကာ မော်လမြိုင် ကြက်ကလယ် ချက်နည်းလေး မျှဝေလိုက်ပါတယ်။



ပါဝင်ပစ္စည်းများ

  • ကြက်သား - တကီလို
  • ကြက်သွန်နီ - အနေတော် ၄လုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃ဥ
  • ချင်း - လက်တစ်ဆစ်ခန့်
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း တဇွန်းသာသာ
  • မဆလာ - ထမင်းစားဇွန်း တဇွန်းသာသာ
  • ဆီ - စားပွဲတင် ဇွန်းကြီး ၂ဇွန်းခွဲ
ပြင်ဆင်ပုံ
  • ကြက်သားကို အကောင်လိုက် ရေဆေးကာ သင့်သလို အတုံးလေးများတုံးပြီး အချိုမှုန့် ဆား နနွင်းမှုန့် ငရုတ်သီးအလှော်မှုန့် ငံပြာရည် မဆလာ တို့ဖြင့် ရောနယ်ပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ ချင်း တို့ကို အခွံခွာပြီး ရေစင်အောင် ဆေးပြီးမှ ညက်အောင်ထောင်းကာ ကြက်သားနှင့် ရောနယ်ပြီး  ၁ နာရီခန့် ရေခဲသေတ္တာထဲမှာ နှပ်ထားပါ
  • ဇောက်နက်သော အိုးတလုံးထဲမှာ အရသာ နှပ်ထားသော ကြက်သား ဆီနှင့် ရေအနည်းထည့်ကာ လုံးချက် ချက်ပေးပါ
  • ကြက်သား အသားများ မာတင်းလာပါက ရေကို နည်းနည်းချင်းစီ ထည့်ပေးပြီး ကြက်သား နူးတဲ့အထိ တည်ပေးပါ
  • ကြက်သား အသားများနူးလာပြီး ဆီမပြန်ခင် အရသာ မြည်းကာ လိုသလိုပြင်ပေးပြီး ဆီပြန်လာတာနဲ့ မီးပိတ်ပေးပြီး သုံးဆောင်ရန် ပြင်နိုင်ပါပြီ။


No comments:

Post a Comment