ရွှေဖရုံသီးဟင်းကို ကြိုက်လို့သာ စားရပေမဲ့ မြန်မာပြည်က ရွှေဖရုံသီးလို မစေးလေတော့ စားလို့ရယ်က သိပ်ပြီး မကောင်းလှပါဘူး ဒါပေမဲ့လဲ ရွှေဖရုံသီကိုး ကြိုက်တဲ့အတွက် ဒီတစ်ခါတော့ ရွှေဖရုံသီး ဖုံပွပွလေးကို ပဲသီးနဲ့ရောလို့ ကြော်စားဖြစ်ပြန်ပါတယ်။
ပါဝင်ပစ္စည်းများ
- ရွှေဖရုံသီး - အနေတော် တစ်ခြမ်း
- ပဲတောင့်ရှည် - ဆယ်တောင့်
- ဆီ - ထမင်းစားဇွန်း ငါးဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ
- ရွှေဖရုံသီးကို အစေ့များထုတ်၍ အခွံခွာပြီး လက်တလုံးလောက် အနေတော်လေးတွေ လှီးပေးပါ
- လှီးထားသော ရွှေဖရုံသီးများကို ရေဆေးပြီး ရေစစ်ထားပါ
- ပဲတောင့်ရှည်ကို ရေဆေးပြီး အနေတော် လှီးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ဒယ်အိုးတလုံးကို အပူပေးပြီး ဆီနှင့်နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
- ဆီအငွေ့တက်လာတာနဲ့ ကြက်သွန်နီကို နွမ်းရုံလေးကြော်ပေးပြီးမှ ရွှေဖရုံသီး ဆားနှင့် အရသာမှုန့်တို့ကိုထည့်ပြီး မွှေပေးပါ
- အရသာများ သမသွားအောင် မွှေပြီးတာနဲ့ ရွှေဖရုံသီးများကို နွမ်းသွားအောင် အဖုံးအုပ်ပြီး ခနထားလိုက်ပါ
- ရွှေဖရုံသီးများ မကပ်စေရန် အိုးကိုလှုပ်လှုပ်ပေးပါ
- ရွှေဖရုံသီး အားလုံးနွမ်းတာနဲ့ ဘေးကို ခနတွန်းထားပြီး ပဲသီးကို ထည့်ပေးပါ
- ပဲသီးထည့်ပြီးတာနဲ့ ရွှေဖရုံသီးနှင့် ရောမွှေပေးပါ
- ၂ခုလုံးရောမွှေပြီးတာနဲ့ ရွှေဖရုံသီးပဲသီးကြော် ချိုချို မွှေးမွှေးလေးကို ထမင်းပူပူလေးနှင့် သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment