ငါးကြော်နဲ့ငရုတ်သီးစိမ်း ငါးပိရည်ဖျော်ပြီး ထမင်းနဲ့စားရတဲ့ အရသာလေးက အာမထိ လျှာမထိ ပူပြီးစပ်လွန်းပေမဲ့ စားပြီးရင်း စားချင်ပါဘဲ ထမင်းတောင် ထပ်ချက်ရမဲ့ ငါးပိရည်ကျိုလေး ဖြစ်လို့ ဖျော်စားကြည့်စေချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ငါးပိရည်ကျိုပြီးသား - တရုတ်ဟင်းပြင်ပန်းကန်အသေး တလုံး
- ရွှေလံဘိုငရုတ်သီးစိမ်း - အစိမ်းရောင် ၅တောင့်
- ငါးကြော် - ခပ်ကြီးကြီးတစ်တုံး
- ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ
- ငါးကြော်ကို အရိုးထွင်ထားပြီး အနေတော် ဖဲ့ထားပါ
- ငရုတ်သီးစိမ်းကို လှော်ပြီးထောင်းထားပါ
- လှော်ထားသော ငရုတ်သီးစိမ်းကို မညက်တညက် ထောင်းထားပါ
- ငါးပိရည်ကို ကျိုပြီး အရိုးငင်ထားပါ
- ထောင်းပြီးသား ငရုတ်သီးစိမ်းနှင့်အတူ ငါးကြော် ငရုတ်သီးအလှော်မှုန့် အချိုမှုန့်တို့ရောပြီး အိုးတလုံးထဲထည့်ကာ ငပိရည်နှင့် ရေရောပြီး မြုပ်အောင်ထည့်ကာ ကျိုပေးပါ
- နှစ်သက်ရာတို့စရာများနှင့် ထမင်းမိန်မိန် သုံးဆောင်နိုင်မဲ့ ငါးပိရည်ဖျော်လေး ရပါပြီ။
No comments:
Post a Comment