Thursday 10 December 2015

Soy Bean ပဲပင်ပေါက်









ဒီနေ့တော့ soy bean နဲ့ ပဲပင်ပေါက် ဖောက်နည်းလေး မျှဝေပေးချင်ပါတယ် စားရတာ မတ်ပဲထက် ပိုပြီးစိမ့်သလို ပဲခြမ်းစေ့လေးတွေက စေးထန်းထန်းနဲ့မို့ ၀ါးရင်းဝါးရင်း ပိုပြီးစိမ့်လာတဲ့ ပဲပင်ပေါက်လေးပါ။

အရင် မတ်ပဲကို အပင်ဖောက်သလိုပါဘဲ နည်းကတော့ အတူတူပါဘဲ သူ့ကိုလဲ သုပ်စား ကြော်စား အချဉ်တည် အစိမ်းစား အစုံလုပ်စားနိုင်ပါတယ်။




ပဲပင်ဖောက်ပုံ အဆင့်ဆင့်

  • Soy bean ပဲစေ့ ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးကို ရေမြုပ်အောင်ထည့်ပြီး ပဲများပွလာအောင် တညသိပ် ရေစိမ်ထားပေးပါ
  • နောက်နေ့မနက် ပဲစေ့များ ပွလာပါက အပေါက် ခပ်စိပ်စိပ်ပါပြီး ဇောက်နက်သော ဇကာထဲ သွန်ချကာ ဇကာအပေါ်မှ အုပ်ပြီးထားပေးပါ
  • သတိရရင် ရသလို ရေလောင်းပေးနိုင်စေရန်  ဘေဇင်နားတွင်ထားပြီး ရေလောင်းလောင်းပေးပါ
  • ဒုတိယမြောက်နေ့မှာ အပင်လေးများ စထွက်လာပြီး တတိယနေ့မှာ အပင်တော်တော်လေး ရှည်လာပါလိမ့်မယ်
  • ရေကို မကြာမကြာ လောင်းပေးပြီး ဇကာအပေါ်မှ ရေစိုအ၀တ် သန့်သန့်နှင့် အဖုံးအုပ်ထားပါက အပင်ထွက်နူံး ပိုမြန်ပါတယ်
  • တတိယမြောက် နေ့လည်လောက်ဆို ပဲပင်ဧ။် အမြှစ်များ ရှည်တက်လာပါက ဗန်းကျယ်ကျယ် တခုထဲကို လက်တဆုတ်စာ စွဲယူပြီး အောက်ခြေအမြစ်များကို ကပ်ကြေးဖြင့် ညှပ်ချပြီး အပင်များကို ထည့်ပေးပါ
  • အမြှစ်များ မဖယ်ချင်လဲ ဒီအတိုင်း ဗန်းကျယ်ကျယ်ထဲ ထည့်ကာ ပဲပင်များကို ဖွလိုက် ခါလိုက်လုပ်ကာ ယူပေးပါ
  • အပင်များကို လက်နှစ်ဖက်ဖြင့် ဖွဖွပေးပြီး အခွံများကို ခါချပေးသလို ဖြစ်ပြီး အခွံများ အောက်ဖက်မှာ ကျန်ခဲ့ပါလိမ့်မယ်
  • အခွံများကို လွှင့်ပြစ်ပါ soy bean ပဲပင်ရဲ့ အမြှစ်နုများက သန်စွမ်းပြီး နုနေတဲ့အတွက် အမြှစ်များကို မဖယ်ဘဲထားလဲ ရပါတယ်
  • ပဲပင်ပေါက် ကုန်တဲ့ထိ ထိုနည်းအတိုင်း လုပ်ပေးပါက ပဲအခွံချွတ်ရတာ ပိုပြီးမြန်ပါတယ်။

No comments:

Post a Comment