ဒီနေ့တော့ မုန့်ဟင်းခါးနဲ့ စားရအောင် ကြက်သွန်နီကြော် မွှေးမွှေးကျွတ်ကျွတ်လေး ကြော်ဖြစ်လို့မာမာပြင်ဆင်ပြီး ကြော်ဖြစ်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကြက်သွန်နီ - ခပ်ကြီးကြီး တစ်လုံး
- တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ဝက်
- ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ဝက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် နှစ်လုံး
ပြင်ဆင်ပုံ
- တန်ပူရာမှုန့် နနွင်းမှုန့် ဆား အချိုမှုန့်တို့ကိုရေနဲ့ရောပြီး သမအောင်မွှေကာ ခပ်ပျစ်ပျစ်ဖျော်ထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးပြီး ပါးပါးလှီးပြီး လက်နဲ့ဖိချေပြီး မွှာထားပါ
- အရသာနယ်ထားသော မုန့်နှစ်ထဲမှာ ကြက်သွန်နီကိုထည့်ပြီး နယ်ထားပါ
- ပန်းကန်ပြားပြန့်ပြန့်လေးပေါ်သို့ မုန့်နှစ်လူးထားသော ကြက်သွနီမုန့်နှစ်လူး အနေတော်ထည့်ပြီး ဖြန့်ပြီးပြင်ပေးထားပါ
- ဆီကို မီးအပူပေးပြီး ဆီပူပြီးကျက်လာပါက မီးကိုအနေတော်ရှော့ပေးကာ ကြက်သွန်နီကို အသာတွန်းချပြီး ကြော်ပေးပါ
- မီးအရမ်းမများစေရန် သတိပြုပြီးကြော်ပေးပါ
- တစ်ဖက်ရွှေဝါရောင် သန်းလာပါက တစ်ဖက်ကို လှန်ပေးပါ
- နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
- ဆီစစ်သွားပါက ကြက်သွန်ကြော်မွှေးမွှေး ကြွတ်ကြွတ်လေး ရပါပြီ။
Thank you, Ma Ma Mar
ReplyDelete