ပါဝင်ပစ္စည်းများ
- ခေါက်ဆွဲအစို - သုံးဆယ်သား
- မုံလာဥနီ - အနေတော် တစ်ဥ
- ဂေါ်ဖီ - အနေတော် တစ်စိတ်
- ပဲတောင့်ရှည် - ၅တောင့်
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ကြက်သွန်မိတ် - အပင်ကြီးကြီး နှစ်ပင်
- မုံလာဥနီ - အနေတော် တစ်ဥ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
- ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
- ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
- သကြား - ထမင်းစားဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
- ဆီ - ထမင်းစားဇွန်း ၈ဇွန်းခန့်
- ရိုးရိုးရေ - ထမင်းစားဇွန်း ၈ဇွန်း
- တရုတ်နံနံ - မိမိနှစ်သက်သလောက်
- ကြက်ဥ - တစ်လုံး
ပြင်ဆင်ချက်ပြုပ်ပုံ
- ခေါက်ဆွဲကို ဇလုံတစ်လုံးထဲထည့်ကာ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် ပဲငံပြာရည်အပျစ်တို့နဲ့နယ်ပေးထားပါ
- ပဲတောင့်ရှည်ကို ရေဆေးပြီး အနေတော်လေးတွေ လှီးထားပါ
- ကြက်သွန်မိတ်ကို ရေဆေးပြီး တလက်မလောက် အရှည်လေးတွေ လှီးထားပါ
- မုံလာဥနီကို အခွံခွာပြီး ရေဆေးပြီး မိမိနှစ်သက်သလို လှီးထားပါ
- ဂေါ်ဖီကို ရေဆေးကာ ခပ်ထူထူလေးတွေ လှီးထားပါ
- တရုတ်နံနံကို ရေဆေးပြီး အနေတော် လှီးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ အကွင်းလိုက် လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
- အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
- ဆီပူလာတာနဲ့ သကြားကို အရင်ထည့်ကြော်ပါ
- သကြားပျော်လာပြီး အညိုရောင် ပြောင်းလာတာနဲ့ကြက်သွန်ဖြူကို အရင်ထည့်ကြော်ပါ
- ကြက်သွန်ဖြူ အနံ့လေး မွှေးလာတာနဲ့ ကြက်သွန်နီ ပဲသီး ဂေါ်ဖီ မှိုနှင့် မုံလာဥနီတို့ကို ထည့်ကြော်ပေးပါ
- ပြီးတာနဲ့ ဆား ခရုဆီ ပဲငံပြာရည်အကျဲနှင့် ရိုးရိုးရေ တစ်ဝက်တို့ကို ထည့်ကြော်ပေးပါ
- အသီးအရွက်များ အရမ်းနူးမသွားစေရန် ၂မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာ နယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
- အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တစ်မိနစ်လောက် မွှေပြီးတာနဲ့ ကျန်နေသောရေကို ထည့်ကြော်ကာ အရသာမြည်းပေးကာ လိုသလို ပြင်ပေးပါ
- ပြီးတာနဲ့ ခေါက်ဆွဲကြော်ကို ဘေးဖက်မှာ ခနတွန်းထားပြီး ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
- ကြက်ဥ ကျက်တာနဲ့ ခေါက်ဆွဲကြော်ကို ရောမွှေပေးကာ အားလုံးသမသွားတာနဲ့ ကြက်သွန်မိတ်နှင့် တရုတ်နံနံကို ထည့်မွှေပေးပြီးပါက ခေါက်ဆွဲကြော် မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment