Saturday 30 May 2015

ပေါင်မုန့်ခြောက်အမှုန့်ကပ် ပုဇွန်ကြော်











ဒီနေ့တော့ ပေါင်မုန့်ခြောက်အမှုန့်ကပ်ပြီး ကြော်ထားတဲ့ ပုဇွန်ကြော်လေး ကြော်ဖြစ်ပါတယ် ပုဇွန်ကြားတွေရလာတာနဲ့ ကြော်စားဖြစ်တဲ့ အကြော်တမျိုးပါ။

ထမင်းနဲ့စားနိုင်သလို ဒီအတိုင်း နှစ်သက်ရာ အချဉ်လေးတွေနဲ့ တွဲဖက်ပြီး စားနိုင်တာမို့ ကြော်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ကြား အကောင်ကြီးကြီး - ၆ကောင်
  2. ပေါင်မုန့်ခြောက် - ထမင်းစားဇွန်း မောက်မောက် ၄ဇွန်း
  3. ဂျုံမှုန့် - ထမင်းစားဇွန်း ၃ဇွန်း
  4. ကြက်ဥ - တစ်လုံး
  5. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးသာသာ

ပြင်ဆင်ချက်ပြုပ်ပုံ
  • ပုဇွန်ကို အခွံခွာ ခေါင်းဖြုတ် ကြောမှ အမဲကြောင်းထုတ်ကာ အမြှီးချန်ထားပေးပါ
  • ဗိုက်ဖက်ကို တချက်ခြင်း ၅ခုလောက်မွှန်းကာ အကြော ဖြတ်ထားပေးပါ
  • သန့်စင်ထားသော ပုဇွန်များကို အာလူးမှုန့်သံပုရာရည်တို့နှင့် နယ်ကာ ရေပြန်ဆေးပေးပါ
  • ပန်းကန်တခုစီထဲမှာဂျုံမှုန့်နှင့် ပေါင်မှုန့်ခြောက်အမှုန့်တို့ကို ပြင်ထားပါ
  • ကြက်ဥတလုံးကို ခေါက်ထားပါ
  • ပေါင်မုန့်ခြောက်အမှုန့်မှာ အငံပါပြီးသားမို့ အငံထပ်ထည့်စရာ မလိုပါ
  • အရင်ဆုံး ကြက်ဥထဲမှာ ပုဇွန်ကို နှစ်ပြီး ဂျုံမှုန့်နှင့် ကပ်အောင်လူးပေးပါ
  • ကြက်ဥနှင့် ဂျုံမှုန့်လူးထားသော ပုဇွန်ကို ပေါင်မုန့်ခြောက်မှာ ထပ်ပြီးလူးပေးပါ
  • အားလုံးပြီးပြီဆိုတာနဲ့ ကြော်ဖို့ပြင်ပေးပါ
  • ဒယ်အိုး တလုံးထဲမှာ ဆီကို အပူပေးပြီး ဆီပူလာပါက မီးကို အနည်းငယ် ထပ်လျော့ပေးပါ
  • ပြီးတာနဲ့ ပုဇွန်ကို တကောင်ဖြင်းထည့်ကြော်ပါ
  • တဖက်ကျက်ပါက တဖက်ကိုလှန်ပြီးကြော်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်တာနဲ့ နှစ်သက်သလို စားနိုင်ပါပြီ။

2 comments: