Wednesday 27 May 2015

ပုဇွန်ကြော် ကြွတ်ကြွတ်လေး





ဒီနေ့တော့ ပုဇွန်အခွံခွာပြီးသားလေးတွေကို တန်ပူရာမှုန့်နဲ့ကြော်လိုက်ပါတယ် ပုဇွန်က ချက်စားရင်လဲ အရည်ကြည် ပုဇွန်လေးတွေမို့ စားလို့သိပ်မကောင်းတာနဲ့အခုလို ကြော်စားလိုက်တာပါ။

ပါဝင်ပစ္စည်းများ




  1. အခွံချွတ်ပြီး သန့်စင်ထားသော ပုဇွန် - 100 g
  2. တန်ပူရာမှုန့် - ထမင်းစားဇွန်းမောက်မောက် ၃ဇွန်း
  3. ရေ - ထမင်းစားဇွန်း ၃ဇွန်း
  4. ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံး
  5. အချဉ် - နှစ်သက်သလောက်
ပြင်ဆင်ပုံ
  • တန်ပူရာမှုန့်ကို ရေနှင့် ခပ်ပြစ်ပြစ် ဖျော်ပေးပါ
  • ရေဖျော်ထားသော တန်ပူရာမှုန့်ထဲကို ပုဇွန်ရောနယ်ပေးပါ
  • ဆီကိုအပူပေးပြီး ဆီပူလာတာနဲ့ပုဇွန်နှင့်တန်ပူရာ အနှစ်ကို တကောင်ခြင်းဆီ ဇွန်းနှင့်ခပ်ပြီး ဆီအိုးထဲ ထည့်ပေးပါ
  • တဖက်ရွှေဝါရောင်သန်းလာပါက နောင်တဖက်ကိုလှန်ပြီး ဆက်ကြော်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက နှစ်သက်ရာ အချဉ်လေးနှင့် တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment