Thursday 28 May 2015

သတ်သတ်လွတ် ခေါက်ဆွဲကြော







သတ်သတ်လွတ် ခေါက်ဆွဲကြော်လေးပါ အသားမစားတဲ့ သမီးငယ်အတွက် အသီးအရွက် ခေါက်ဆွဲကြော်လေး ကြော်ဖြစ်ခဲ့ပါတယ် နှမ်းဆီမွှေးမွှေး သကြားနံ့သင်းသင်းလေးမို့ သမီးအရမ်းကြိုက်တဲ့ အကြော်လေးပါ သတ်သတ်လွတ်လေး စားမယ်ဆိုရင် ကြော်ကြည့်စေချင်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

  1. ပျော့သွားအောင် ပြုပ်ပြီး ရေဆေးကာ ရေစစ်ထားသော ကြက်ဥခေါက်ဆွဲ - ၃ခွေ
  2. အနေတော် လှီးထားသော ဘေဘီပြောင်းဖူး - ၅ဖူး
  3. အနေတော် လှီးထားသော ပန်းဂေါ်ဖီ - ၁၅ခုနီးပါး
  4. ထက်ဝက်ပိုင်းထားသော ရွှေပဲသီး - ၅တောင့်
  5. လေးထောင့်အဖတ်လေးများ လှီးထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  6. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  7. တစ်လက်မခန့်အရှည်လှီးထားသော ပဲတောင့်ရှည် - ၃တောင့်
  8. ပန်းပွင့်ပုံဖော်ပြီး လှီးထားသော မုံလာဥနီ - ၁၅ခုခန့်
  9. ခပ်ကြမ်းကြမ်း လှီးထားသော ဂေါ်ဖီ - တစ်စိတ်
  10. ဆီ - ထင်းစားဇွန်း ၅ဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  12. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  13. နှမ်းဆီ - လက်ဖက်ဇွန်း သုံးပုံတစ်ပုံ
    ပဲငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း

ပြင်ဆင်ချက်ပြုပ်ပုံ
  • လိုအပ်သော အသီးအရွက်များကို ရေစင်အောင်ဆေးပြီးမှ လိုအပ်သလို လှီးဖြတ်ကာ ရေစစ်ထားပေးပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို အခွံခွာပြီး အလုံးလိုက် ရေဆေးပြီးမှ လိုအပ်သလို လှီးပေး ထုပေးပါ
  • ရေနွေး 8 cups လောက်ကို ဆူအောင်နည်ပေးပြီးမှ ခေါက်ဆွဲခွေကို ထည့်ပြုပ်ပေးပါ
  • အနေတော် အနေအထားရပါက ဇကာထဲ သွန်ချကာ ခေါက်ဆွဲဖတ်များ အေးလာတဲ့ထိ ရေဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ ရေစင်အောင် စစ်ထားပေးပါ
  • ရေစစ်တာနဲ့ခေါက်ဆွဲဖတ်များကို ဇလုံကျယ်ကျယ်ထဲ ထည့်ကာ ဆား ပဲငံပြာရည်တို့နဲ့နယ်ပေးပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ သကြားကို အရင်ထည့်ကြော်ပါ
  • သကြားပျော်လာပြီး အညိုရောင် ပြောင်းလာတာနဲ့ကြက်သွန်ဖြူကို အရင်ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ မွှေးလာတာနဲ့ ကြက်သွန်နီ ပန်းဂေါ်ဖီ ဘေဘီပြောင်းဖူး ပဲသီး ဂေါ်ဖီ မုံလာဥနီတို့ကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားစေရန် ၂မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာနယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တမိနစ်လောက် မွှေပြီးတာနဲ့ ရွှေပဲသီးနှင့် နှမ်းဆီထဲ့ပြီး တမိနစ်လောက် ကြော်ပြီးတာနဲ့ သတ်သတ်လွတ် ခေါက်ဆွဲကြော်လေး ရပါပြီ
  • အပေါ့အငံကို လိုသလိုမြည်းပြီး ပြင်ပေးပြီး သုံးဆောင်နိုင်ပါပြီ။

1 comment:

  1. ကျေးဇူးပါ မာမာရေ ...မနက်ဖြန်သက်သတ်လွတ်အတွက် ခေါင်းမစားတော့ဘူး ... ♥♥♥

    ReplyDelete