Friday 1 May 2015

ရွှေလံဘို ငရုပ်စပ်စပ်နဲ့ ပုဇွန်ပြုပ်ထောင်း ငပိရည်ကျို စပ်စပ်လေး


မာမာ့အိမ်က ရွှေလံဘိုငရုပ်ပင်

ပုဇွန်လှော်နှင့်ရွှေလံဘိုငရုတ်သီး

ပုဇွန်လှော်နှင့် ရွှေလံဘိုငရုတ်သီးမီးကင်

ငါးငပိရည်ကျိုနှင့်ရောကျိုထားသော
ပုဇွန်လှော်နှင့် ငရုတ်သီးထောင်း

ငါးငပိရည်ကျိုနှင့်တို့စရာအစုံ

ဒီနေ့တော့ မိုးလေလေး ကအေးနေတာနဲ့ စိတ်ထဲမယ် စပ်စပ်လေးတွေဘဲ စားချင်နေမိခဲ့တော့တာမို့လို့ ခြံထဲဆင်ပြီးး ကုလားအော် ( ရွှေလံဘိုငရုတ်) ၃တောင့်ခူးပြီး ပုဇွန်ထုတ်လှော်နဲ့ ငပိရည်တို့ ရောပြီးကျိုလိုက်ပါတယ်။

ငရုတ်သီးက ကုလားအော် ( ရွှေလံဘို) ဆိုတဲ့အတိုင်း စပ်လိုက်တာမှ အရမ်းပါဘဲ ဒီငရုတ်သီးက အေးတဲ့အရပ်ဒေသမှာ စားရင်ပိုပြီးကောင်းပါတယ် ရာသီဥတုအေးတဲ့ဒဏ်ကို ခံနိုင်ပါတယ် နာဂတောင်တန်းက လူတွေကတော့ ဒီငရုတ်သီးကို ရွှေလံဘိုလို့ ခေါ်ကြပါတယ်။


ပြင်ဆင်ပုံ

  1. ငါးငပိရည် ဟင်းပြင်ပန်းကန် အသေးတလုံးစာ ကျိုထားပြီး အရိုးများငင်ပြီး ဖယ်ထားပါ။
  2. ပုဇွန်ထုတ်ခပ်ကြီးကြီး ၆ကောင်ကို လှော်ပြီးအခွံခွာ ခေါင်းဖြုတ်ပြီး ကြောဘက်မှ အမဲကြောင်းထုတ်ကာ လက်တဆစ် အအနေလောက်လေးတွေ လှီးထားပါ။
  3. ငရုတ်သီးတောင့် ၃တောင့်ကို မီးကင်ပြီး မညက်တညက် ထောင်းထားပေးပါ။
  4. အားလုံး အဆင်သင့်ဖြစ်ပါက ငါးငပိရည်ကျိုပြီးသား အိုးထဲကို ငရုတ်သီးထောင်းနှင့် ပုဇွန်များထည့်ကာ ရောပြီး ၃မိနစ်လောက် ကျိုပေးပါ။
  5. ငါးပိရည် တော်တော်လေး ပြစ်လာပြီဆိုတာနဲ့ မီးပိတ်ပေးပြီး မိမိနှစ်သက်ရာ တို့စရာတို့နှင့် တွဲဖက် သုံးဆောင်နိုင်ပါပြီ။

1 comment:

  1. စားချင်စရာ မာမာလက်ရာလေးတွေ

    ReplyDelete