Sunday 10 May 2015

ငှက်ပျော ပလိန်းကြော်


မနေ့က ၀ယ်လာတဲ့ ငှက်ပျောသီး ပျော့ပျဲပျဲလေးတွေကို ဘာမှမထည့်ဘဲ ပလိန်းကြော်ထားပါတယ် ဆီနဲ့ကြော်ရတာမို့ အရသာကတော့ အင်မတန်ချို အင်မတန်မှမွှေးပေါ့နော် ငှက်ပျောသီးမှည့်ကို ဒီအတိုင်း စားတာထက်ကို ပိုပြီးမွှေး ပိုပြီးချိုပါတယ်။

ဆီတွေများလိုက်တာလို့ ထင်မိမှာနော် ဟုတ်ပါတယ် အဆီရှောင်သူတွေ အတွက်တော့ ဆီမဆိုသလောက်လေး ပါပါတယ် ဆီပါမှလဲ ကြော်ရတာ အဆင်ပြေသလို အရသာလေးလဲ ထူးမှာမို့ပါ ဆီပါရင် လွှစာမှုန့်တောင် ကောင်းတာဘဲဆိုတဲ့ စာဆိုလေးတောင် ရှိသေးတာဘဲနော်။

ရိုးရှင်းပေမဲ့ အင်မတန်အရသာရှိတဲ့ ငှက်ပျော ပလိန်းကြော်လေးပါ

ပါဝင်ပစ္စည်း

  • ငှက်ပျောသီး - ၃လုံး (ပျော့နေရင် ပိုကောင်းပါတယ်)
  • သစ်ရွက်ဆီ - ထမင်းစားဇွန်း ၃ဇွန်း


ပြင်ဆင်ပုံ
  • ငှက်ပျောသီးကို အခွံခွာထားပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာပါက မီးကို အနည်းငယ်ထပ်လျော့ပြီးမှ ငှက်ပျောသီးကို ဆီအိုးထဲကို ထည့်ပေးပြီး ကြော်ပါ
  • အောက်ခြေဖက်က ငှက်ပျောသီးနံ့မွှေးလာပြီး အညိုရောင်သန်းလာလျှင် နောက်တဖက်ကိုလှန်ပေးပြီး ကြော်ပါ
  • နှစ်ဖက်လုံး အညိုရောင်သန်းလာပါက ဆီစစ်ပြီးဆယ်ပေးကာ စားနိုင်ပါပြီ။



No comments:

Post a Comment