Friday 8 May 2015

ပုဇွန်စာဥကြော် ကြွတ်ကြွတ်လေး






မာမာ့အိမ်က ဆလတ်ပင်

ဒီနေ့တော့ မာမာတို့တွေ ပုဇွန်စာဥလေး ကြော်စားဖြစ်ပါတယ် ရာသီဥတု အေးချိန်လေးမှာ အကြော်ကို ပူပူလေးကြော် အချဉ်လေးကို ချဉ်ငံစပ်လေးစပ်ပြီး ခြံထဲက ဆလတ်ရွက်လေး ဆင်းခူးပြီး စားလိုက်ရတဲ့နေ့လေးမို့ သာယာနေပါတယ်လို့ ပြောလို့ရပါတယ် မြန်မာပြည် အလွမ်းပြေလေးပေါ့ရှင်။

ပုဇွန်ခေါင်ချိုး အနေတော်လေးတွေကို အမြှီးဖြုတ် ခေါင်းဖြုတ် ကြောမှ အမဲကြောင်းထုတ်ကာ တကောင်တခုနူံးနဲ့ကြော်ထားလို့ ပုဇွန်စဥလေးလို့ အလွယ်ခေါ်လိုက်တာပါ ပြင်ဆင်ရတာလဲလွှယ် ကြော်ရတာလဲ မြန်လွန်းလို့ ကြော်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ




  1. အမြှီးခေါင်းဖြုတ်ကာ သန့်စင်ထားသော ပုဇွန်ခေါင်းချိုး -  150 g
  2. တန်ပူရာမှုန့် - ထမင်းစားဇွန်း ၅ဇွန်း မောက်မောက် (အိတ်ထဲကိုဇွန်းထိုးခပ်ပြီး ပါကလောက် တော်တော်မောက်မောက်ကို ထည့်ပါ )
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်
  4. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
ပြင်ဆင်ပုံ
  • ပုဇွန် တန်ပူရာမှုန့် ရေတို့ကို ပန်းကန်တခုထဲမှာ ရောပြီ်း နယ်ပေးပါ
  • ဆီကို ဒယ်အိုးတလုံးထဲ ထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက ပုဇွန်နယ်ပြီးသားကို ထမင်းစားဇွန်းအရှည်နှင့် မုန့်နှစ်ပါအောင် တကောင်ချင်းစီ ထည့်ကြော်ပါ
  • တဖက်ရွှေဝါရောင်သန်းလာပါက နောက်တဖက်ကို လှန်ပြီး ရွှေဝါရောင် သန်းလာအောင် ကြော်ပေးပါ
  • နှစ်ဖက်လုံ ရွှေဝါရောင် သန်းလာပါက ဆီစစ်ပြီး ဆယ်ကာ Paper Towel ပေါ်တင်ပြီး ဆီစစ်ထားပါ။

အချဉ်စပ်ပုံ
  • မန်ကျီးသီးအနှစ် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ကင်းမွန်ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်း တဇွန်း
  • သကြား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ရေနွေး ခပ်နွေးနွေး - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တ၀က်သာသာ
  • မညက်မညက် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  • ပါးပါးလှီးထားသော ငရုတ်သီးစိမ်း - ၁၀တောင့်
  • အားလုံးကို ဇလုံတလုံထဲမှာ ထည့်ပြီး ရောမွှေပေးပါ
  • အားလုံးပြင်ဆင် ပြီးပါက ဆလတ်ရွက် လတ်လတ်ဆတ်ဆတ်လေနဲ့ နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

1 comment:

  1. Thank you very much for your patience and systematic explanations. All your recipes are very interesting. By the way, are you from America? Anyway, As I'm also very fond of cooking, especially spicy Burmese curries, I try some of your methods and they are very nice indeed. Thanks again and all the best!

    ReplyDelete