Wednesday 6 May 2015

သရက်ချဉ်သုပ်




ဒီနေ့တော့ သရက်ချဉ်ကို ချဉ်ငံစပ်လေး သုပ်စားဖြစ်ပါတယ် သရက်သီးစိမ်းလေးတွေ ပေါ်ချိန်တုန်းက ထည့်ထားတဲ့ သရက်ချဉ်လေးတွေကို အခုလို သရက်သီး ရှားချိန်လေးမှာဆိုရင် အရမ်းကို အသုံးဝင်ပါတယ် တို့စရာလေး လုပ်လိုက် အသုပ်လေးသုပ်လိုက်နဲ့မို့လို့ ထမင်းစားလို့ တော်တော်လေး မြိန်စေပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သပ်ြထားတဲ့ သရက်ချဉ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. သရက်ချဉ် - အနေတော် တစ်လုံး
  2. မြေပဲလှော် - ထမင်းစားဇွန်း နှစ်ဇွန်း
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. ပဲအကျက်မှုန့် - ထမင်းစားဇွန်း  တစ်ဇွန်းမောက်မောက်
  5. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  6. ငရုတ်သီးအလှော်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  7. ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  9. ငါးငံပြာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • သရက်ချဉ်ကို ထက်ခြမ်းခြမ်းပြီး ခပ်ရှည်ရှည် အမြှောင်းလေးများ ရအောင်လှီးပေးပါ
  • မြေပဲလှော်ကို အခွံခွာများခွာပြီး သန့်စင်ပေးကာ မညက်တစ်ညက် ထောင်းပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • သရက်ချဉ်နှင့်အတူ ပါဝင်ပစ္စည်းများကို ဇလုံကျယ်ကျယ် တစ်လုံးထဲမှာထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  • သရက်ချဉ်က အငံပါပြီးသားမို့လို့ ငါးငံပြာရည်ကို နည်းနည်းဘဲထည့်ပြီး  နယ်ပေးပါ
  • အရသာ နယ်ပြီးပါက သရက်ချဉ်သုပ်ကို အရသာ မြည်းပေးကာ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့ ချဉ်ငံစပ် သရက်ချဉ်သုပ်ကို စားသုံးရန် ပြင်ပေးကာ နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment