ဒီနေ့တော့ ကုလားပဲကို ပဲပေါင်းလေး ပေါင်းဖြစ်ပါတယ် ကလေးလူကြီး အရမ်းသဘောကျတဲ့ ပဲပေါင်းလေးဖြစ်သလို ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်လွန်းတဲ့ အတွက် မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့ ပြင်ဆင်နည်းလေးကို မျှဝေပေးလိုက်ပါတယ်
ပါဝင်ပစ္စည်းများ
- ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
- ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ပြင်ဆင်ပုံ
- ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပြီး ကြက်သွန်ဖြူ ကို ထည့်ကြော်ပြီး ကြွတ်လာတာနဲ့ ဆယ်ပြီး ဆီစစ်ထားပါ
- ကုလားပဲခြမ်းကို အိုးထဲမှာထည့်ပြီး ရေနှစ်ထပ်လောက် ဆေးပေးပါ
- ရေဆေးပြီးတာနဲ့ ပဲကိုရေမြုပ်အောင် ထည့်ပေးပြီး ပြုပ်ပေးပါ
- ရေခမ်းပြီး ပဲမနူးသေးပါက ရေထပ်ထည့်ပြီး ပဲနူးတဲ့အထိ ပြုပ်ပေးပါ
- ပဲမှား နူးအိလာတာနဲ့ မီးပိတ်ပေးပြီး ပဲများကျေသွားတဲ့အထိ ဇွန်းနှင့်ဖိပြီး ချေပေးထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ကြက်သွန်ကြော်လို့ ပိုတဲ့ဆီထဲမှာ ပြုပ်ပြီးချေထားသော ပဲများကို ထည့်ကြော်ပေးပါ
- ပဲများကို အဆက်မပြတ် မွှေပေးပြီး ဆားနှင့် အချိုမှုန့်တို့ ထည့်မွှေပေးပါ
- ပဲများအိလာပြီး မွှေးလာပြီ ဆိုတာနဲ့အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
- ပြီးတာနဲ့ ပန်းကန်ထဲ ပဲပေါင်းများထည့်ပြီး ကြော်ထားသော ကြက်သွန်ဖြူကြော်ကို ပဲပေါင်းအပေါ်မှ ဖြူး ပြီး စားသုံးနိုင်ပါပြီ။
No comments:
Post a Comment