ဒီနေ့တော့ ကျောင်းတစ်ပါတ်ပိတ်လို့ ပြန်လာတဲ့ သမီးလေးက ကြက်ဥသုပ်လေး စားချင်တယ် မေမေရေ ဆိုတာနဲ့ ကြက်ဥပြုပ်ကို ပဲဆီမွှေးမွှေးလေးနဲ့ သုပ်ပေးဖြစ်ပါတယ်။
ခပ်စိမ့်စိမ့် အရသာမို့လို့ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းပြီး စားလို့ကောင်းလွန်းကာ လွယ်ကူမြန်ဆန်စွာ ပြင်ဆင်နိူင်တဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ ကြက်ဥသုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကြက်ဥ - သုံးလုံး
- ပဲဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်၀က် မရှိတစ်ရှိ
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သံ
- ပုရာသီး - တစ်စိတ် (ကြက်ဥပြုပ်ထဲထည့်ရန်)
ပြင်ဆင်ပုံ
- ဇောက်နက်သော အိုးတစ်လုံးထဲမှာ ကြက်ဥကို ရေမြုပ်အောင် ထည့်ပေးပါ
- အခွံခွာရ လွယ်ကူစေရန် သံပုရာသီး တစ်စိတ် ထည့်ပြုပ်ပေးပါ
- ကြက်ဥကို ကျက်အောင်ပြုပ်ချိန် ဆယ်မိနစ်လောက် ရေပွက်ပွက် ဆူလာရင် ရပါပြီ
- ကြက်ဥပြုပ် အိုးထဲမွ ရေပူများကိုသွန်ပြီး ရေအေးနှင့် စိမ်ပေးကာ အခွံခွာပြီး မထူမပါးလေးတွေ လွီးထားပါ
- ဇလုံတစ်လုံးထဲမှာ ကြက်ဥ ဆား အချိုမှုန့် နှင့် ဆီတို့ထည့်ပြီး ခပ်ဖွဖွလေး နယ်ပေးပါ
- အားလုံး အရသာ သမသွားပါက ကြက်ဥသုပ် မွှေးမွှေးစိမ့်စိမ့်လေးကို စားပွဲပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment