ဒီနေ့တော့ သပွတ်သီးကို ပုဇွန်ဆတ်ထုတ်လေးတွေနဲ့ အရည်သောက်ဆမ်း ကြော်ချက်လေး ချက်ပါတယ် သပွတ်သီးက အရမ်းကြီးနေတော့ အရည်သောက်ဆမ်း ဟင်းတစ်ပွဲအတွက် သပွတ်သီးကို တစ်ပိုင်းပိုင်းပြီး ချက်ထားပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- သပွတ်သီး - တစ်ပိုင်း
- ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
- ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ပုဇွန်ဆတ်ထုတ် - ဆယ့်ခွန်နှစ်ကောင်
ပြင်ဆင်ပုံ
- သပွတ်သီးရဲ့  အပေါ်ဖက်မှ အခွံများကို အခွံခွာဓါးဖြင့် ခွာပေးပါ
- အခွံများ ခွာပြီးပါက ထိပ်နှစ်ဖက်ဖြတ်ကာ ရေဆေးပေးပါ
- ရေဆေးပြီးမှ ထက်ဝက်ခြမ်းကာ ခပ်စောင်းစောင်း ထူထူလေးတွေ လှီးပေးပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ပုဇွန်ကို အခွံခွာပြီး ခေါင်းများဖြုတ်ပေးကာ ကြောဖက်မှ အမည်းကြောင်းကို ထုတ်ထားပါ
- ဇောက်နက်သော အနေတော် အိုးတစ်လုံးထဲမှာပု ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ နနွင်းမှုန့် ထည့်ပေးကာ ကြက်သွန်အဖြူ နှင့် ကြက်သွန်နီကိုထည့်ပြီး ကြော်ပေးပါ
- ကြက်သွန်များ နွမ်းသွားတာနဲ့ ပုဇွန်ကို ထည့်ကြော်ပေးပါ
- ပုဇွန်အရောင် ပြောင်းသွားတာနဲ့ သပွတ်သီး ဆားနှင့် အချိုမှုန့် တို့ကိုထည့်ပေးကာ ကြော်ပေးပါ
- အရသာ သမသွားတာနဲ့ မိမိနှစ်သက်သလောက် ရေထည့်ပြီး တည်ပေးပါ
- ဟင်းရည်အိုး ပွက်ပွက်ဆူလာတာနဲ့ သပွတ်သီး အစိမ်းရောင် မပြောင်းအောင် အိုးအဖုံးကိုဖွင့်ကာ တည်ပေးပါ
- သပွတ်သီး နူးလာတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ မီးပိတ်ပေးပြီး အိုးကိုမီးဖိုပေါ်က ဖယ်ထားပြီး သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment