Wednesday, 1 November 2017

ကြက်သား အစိမ်းကြော်












ဟင်းများများ ချက်ရတာ ပျင်းတဲ့နေ့တွေဆို အခုလို ဟင်းတမယ်ထဲနဲ့ ထမင်းစားလို့ မြိန်ရလေအောင် အသီးအရွက်နဲ့အသား တပြိုင်ထဲတွဲပြီး ကြော်ဖြစ်ပြန်တာပါဘဲ မာမာကြော်တဲ့ အစိမ်းကြော် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ပုံသား - 200 g
  • ကြက်သွန်နီ - ၁ဥ
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ဂေါ်ဖီ - အနေတော်တစိတ်
  • မုံလာဥနီ - အနေတော် တဥ
  • ရွှေပဲသီး - ၁၀တောင့်
  • ပဲတောင့်ရှည် - ၁၅တောင့်
  • ဘလိုကိုလီ - အနေတော် ၃ခက်
  • ချင်း - အနည်းငယ်
  • ခရုဆီ - ထမင်းစားဇွန်း ၃ဇွန်း
  • ကော်မှုန့် - ထမင်းစားဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်းသာသာ
  • သကြား - ထမင်းစားဇွန်း ၂ဇွန်း
  • ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တဇွန်း
  • သံပုရာရည် - ထမင်းစားဇွန်း တ၀က်
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း (ချိုချဉ်ကြော်ရန်)
  • ဆီ - လိုသလောက် (ကြက်သားကြော်ရန်)
  • ဂျုံမှုန့် - ထမင်းစားဇွန်း ၃ဇွန်းခန့်


ပြင်ဆင်ပုံ
  • ကြက်သားကို အနေတော် အတုံးလေးတွေတုံးပြီး ဆားအနည်းငယ် အချိုမှုန့်အနည်းငယ်တို့နှင့် အရသာ အနည်းငယ်နယ်ကာ ခရုဆီနှင့်နယ်ပေးပြီး နှပ်ထားပေးပါ
  • ဂျုံမှုန့်ကို ပြင်ထားပါ
  • ကြက်သွန်နီကို လေးစိတ်ခွဲပြီး အလွှာတွေရအောင် ခွာထုတ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ထားပါ
  • အခြားအသီးအနှံတွေကိုလည်း ရေဆေးကာ အနေတော် လှီးထားပါ
  • ချင်းကိုလဲ အခွံခွာကာ ညက်နေအောင် ထောင်းထားပါ
  • အရသာနယ်ထားသော ကြက်သားကို ဂျုံမှုန့်တွေထဲမှာ ကပ်လူးပေးပါ
  • ဂျုံမှုန့်ကပ်ထားသော ကြက်သားကို ဆီပူပူမှာ ရွှေရောင်ရအောင်ကြော်ယူပြီး ဆီစစ်ထားပါ
  • အခြားဒယ်အိုးတစ်လုံးကို ဆီအနည်းငယ်ထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် ချင်းကို ဆီသတ်ပြီး အသီးအရွက်များကို ထည့်ကြော်ပါ
  • အသီးအရွက်များ အနည်းငယ် နွမ်းသွားပါက ကြော်ပြီး ဆယ်ထားသော ကြက်သားကြော်များ ထည့်ပေးပါ
  • ပြီးတာနဲ့ အရသာသွင်းရန် ပါဝင်ပစ္စည်းများ ထည့်ပေးကာ မွှေပေးပါ
  • အရသာမြည်းပြီး လိုသလိုပြင်ကာ ခပ်မြန်မြန်လေး မွှေပေးပါ
  • အားလုံးသမသွားပြီဆိုတာနဲ့ အရသာမြည်းပြီး လိုတဲ့အရသာ ပြင်ပေးပါ
  • အလွန်စားကောင်းလို့ကောင်းတဲ့ ကြက်သား အသီးအရွက် အစိမ်းကြော်လေး ရပါပြီ။
  • ၀က်သားစားပါက ကြက်သားအစား ဝက်သားအစားထိုးပြီး ကြော်နိုင်သလို အချိုမှုန့် မစားပါက ကြက်သားမှုန့် သကြားတို့တို့ကို အစားထိုးပြီး ကြော်ပေးပါ

No comments:

Post a Comment