Wednesday, 22 November 2017

Teriyaki Chicken အစိမ်းကြော်








ကျောင်းတဖက် အိမ်အလုပ်တဖက်နဲ့ တခါတလေ ဟင်းချက်တာတောင် ကရောသောပါး ချက်ရတဲ့ရက်လေးတွေ ရှိပါတယ် အဲဒီလို ရက်မျိုး ဆိုရင်တော့ အသားနဲ့အသီးအရွက် တခါထဲ ရောချက်ပြီး ထမင်းမိန်အောင် ဖန်တီးရပြန်တာဘဲ ဒီနေ့တော့ အသားနဲ့အသီးအရွက် တခါထဲ ရောကြော်ဖို့ Teriyaki Chicken အစိမ်းကြော် ကြော်နည်းလေး တင်ပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်သား - 200 g
  • ကြက်သွန်နီ - အနေတော် ၁ဥ
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • မုံလာဥနီ - အနေတော် တဥ
  • ဇူကီးနီ - တဥ
  • ပဲတောင့်ရှည် - ၁၅တောင့်
  • ဘလိုကိုလီ - အနေတော် ၃ခက်
  • မှို - ၇ပွင့်
  • ချင်း - ခပ်ပါးပါး နှစ်ပြား
  • Teriyakiအနှစ် - ထမင်းစားဇွန်း ၃ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်းသာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း 


ပြင်ဆင်ပုံ
  • ကြက်သားကို အရိုးထုတ်ကာ အနေတော် အတုံးလေးတွေတုံးပြီး ဆားအနည်းငယ် အချိုမှုန့်အနည်းငယ်တို့နှင့် အရသာ အနည်းငယ်နယ်ကာ Teriyaki အနှစ်နှင့်နယ်ပေးပြီး နာရီဝက်လောက် နှပ်ထားပေးပါ
  • ကြက်သွန်နီကို လေးစိတ်ခွဲပြီး အလွှာတွေရအောင် ခွာထုတ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ထားပါ
  • အခြားအသီးအနှံတွေကိုလည်း ရေဆေးကာ အနေတော် လှီးထားပါ
  • ချင်းကိုလဲ အခွံခွာကာ ညက်နေအောင် ထောင်းထားပါ
  • ဒယ်အိုးတစ်လုံးကို ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် ချင်းကို ဆီသတ်ပြီး အရသာနယ်ထားသော ကြက်သားကို ထည့်ကြော်ပါ
  • ကြက်သားအသားမာလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်က ရေခမ်းအောင် တည်ပေးပါ
  • ရေခမ်းတာနဲ့ အသီးအရွက်များကို ထည့်ပေးပါ
  • အသီးအရွက်များကို အရမ်းမကျက်စေဘဲ  အနည်းငယ် နွမ်းသွားပါက မီးပိတ်ပေးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  • အလွန်စားကောင်းလို့ကောင်းတဲ့Teriyaki ကြက်သား အသီးအရွက် အစိမ်းကြော်လေး ရပါပြီ။
  • ၀က်သားစားပါက ကြက်သားအစား ဝက်သားအစားထိုးပြီး ကြော်နိုင်သလို အချိုမှုန့် မစားပါက ကြက်သားမှုန့် သကြားတို့တို့ကို အစားထိုးပြီး ကြော်ပေးပါ

No comments:

Post a Comment