Wednesday 9 December 2020

ပဲကြော် ကြွတ်ကြွတ်လေး


ဒီနေ့တော့ ပဲကြော်ကြော်ပြီး မုန့်တီချက်သောက်ကြပါတယ် ပဲကြော်လေးတွေ ကြော်ဖြစ်တိုက်း ဝေမျှပေးချင်တဲ့ စိတ်လေးက တစ်ဖွားဖွား ပေါ်လာပြန်တော့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို ထပ်မံပြီး မျှ​ေ၀လိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ (အချပ်ကြီး ၁၀ချပ်)

  1. ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. တန်ပူရာမှုန့် - 150 g (မည်သည့်အကြော်မှုန့်မဆို သုံးနိူင်ပါတယ်)
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူးကို လက်တလုံးစာလျှော့ထည့်ပါ
  4. ဆီ - နှစ်လီတာ
  5. ဒယ်အိုး အကြီး - တစ်လုံး 28cmခန့် (မကပ်သော ဒယ်အိုးကို သုံးပေးပါ)
  6. ဒယ်အိုးအသေး - တစ်လုံး 17 cmခန့် (မကပ်သောဒယ်အိုးကို သုံးပေးပါ)
  7. ယောက်ချိုဇွန်းမှုတ် - တစ်ချောင်း


ပြင်ဆင်ပုံ

  • ပဲခြမ်းကို ရေမြုပ်အောင်ထည့်ပြီး ရေစိမ်ပေးကာ အပေါက်ပါသော ဇကာဖြင့်အုပ်ပြီး တစ်ညလောက် ရေစိမ်ထားပါ
  • မနက်ရောက်လျှင် ရေဝပြီး ပွနေသော ပဲများကို ရေ၂ထပ်လောက် ဆေးပေးပြီး ရေစစ်ပေးပါ
  • တန်ပူရာမှုန့်ကို (အကြော်မှုန့်) ရေနှင့်ပျော်အောင်ဖျော်ပြီး ရေစစ်ထားသော ပဲခြမ်များနှင့်ရောမွှေပါ
  • အောက်ခြေ မကပ်သော ဒယ်အိုးနှစ်အိုးကို အကြော်ကြော်ဖို့ ပြင်ဆင်ပေးပါ
  • ဒယ်အိုးအသေးနှင့် ဒယ်အိုးအကြီးကို မီးဖိုနှစ်လုံး ပြိုင်တူမီးဖွင့်ကာ မီးလယ်အလတ်လောက်နှင့် အပူပေးထားပါ
  • အိုးများပူလာတာနဲ့ ဒယ်အိုးအသေးထဲကို အိုးတဝက်လောက် ဆီထည့်ပေးပါ
  • ဒယ်အိုးအကြီးထဲကိုတော့ ကျန်နေတဲ့ ဆီအကုန်လုံး ထည့်ပေးပါ
  • အိုးထဲမှ ဆီအငွ့ တက်လာတာနဲ့ ဒယ်အိုးအကြီး တင်ထားသော မီးဖိုမှမီးကို အနည်းငယ် ထပ်လျှော့ပေးထားပါ
  • ဒယ်အိုးအသေးထဲမှ ဆီပူလာတာ အနေတော် ဖြစ်ပါက တန်ပူရာမှုန့် အနှစ်စပ်ထားသော ပဲရည်ဖျော်ကို ဟင်းချိုခပ် ယောက်ချိုဇွန်းနှင့် အရင်ဆုံး အထက်အောက် သမအောင်မွှေပေးပါ
  • အထက်အောက် သမသွားတာနဲ့ ယောက်ချိုဇွန်း ဇွန်းတစ်ဇွန်းစာကို ပဲနှင့်အရည် မျှအောင်ခပ်ယူပြီး ဆီအိုး အ​ေသးထဲကို ထည့်ပေးပါ
  • ဆီအိုးထဲ ထည့်ရာမှာ ဇွန်းကိုစောင်းပြီး အိုးဘေးအနားဘက်မှစ​ြပီး အဝိုင်းပုံ သဏ္ဌန် လှည့်ပြီး အလယ်ကို ရောက်တဲ့အထိဖြန့်ပြီး ခပ်ဖြေးဖြေး ထည့်ပေးပါ
  • ပဲစေ့များ ပြန့်နေမှ အကျက်ညီစေမှာ ဖြစ်ပါတယ်
  • ပဲစေ့များ တစ်နေရာထဲ ပုံနေပါက အကျက်မညီဘဲ ဖြစ်သွားတတ်ပါတယ်
  • ပဲစေ့နှင့် မုန့်နှစ်ရည်များ ထည့်ပြီးပါက အထက်အောက် လှန်ပေးစရာ မလိုဘဲ ဒီအတိုင်သူ့းလေး ထားပေးပါ
  • အောက်ချေဘက် သူ့ဘာသာသူ ကြွတ်ပြီး မွတက်လာမှ အသာလေး ဆယ်ပြီး ဆီအိုးအကြီးထဲသို့ ပြောင်းထည့်ပေးပါ
  • ပဲကြော်ရဲ့ အောက်ချေလေးဘဲ ကြွတ်လာပြီး အပေါ်ယံဘက်မှ ပဲစေ့များ မကျက်ပေမဲ့ စိတ်မပူပါနှင့်
  • နောက်ထပ်ဆီအိုး အကြီးထဲကို ပြောင်းထည့်တဲ့အခါ အပေါ်ယံမှ ပဲစေ့များ တဖြည်းဖြည်း ကျက်လာပါလိမ့်မယ်
  • ဆီအိုးအကြီးထဲမှာ ကြော်ထားစဉ် ပဲကြော်တစ်ချပ်လုံး ရွှေဝါရောင် သန်းလာတဲ့အထိ ကြော်ပေးပါ
  • ရွှေဝါရောင် သန်းလာပါက ဆယ်ပေးပြီး ဆီစစ်ဇကာထဲထည့်ကာ  ဆီစစ်ပေးပါ
  • နောက်တစ်ချပ် ထပ်မကြော်ခင် အကြော်အိုး အ​ေသးထဲမှာ ဆီနည်းသွားပါက အိုးအ​ကြီးထဲမှဆီကို အပူခံဇွန်း ခပ်ကြီးကြီးနှင့် ခပ်ယူကာ အိုးအေသးထဲကို ခပ်ထည့်ပေးပါ
  • နောက်ထပ် ကျန်သောပဲနှင့် မုန့်နှစ်ရည်များကိုလဲ  အိုးအသေးထဲမှ အကြော်ကို အိုးအကြီးထဲ ပြောင်းပြီးတာနဲ့ ပထမ ကြော်သည့်အတိုင်း ထည့်ကြော်ပေးပါ
  • ဆီအိုးထဲကို ပဲရည်ခပ်ထည့်စဉ် ဆီအပူရှိန်က အရင်ကထက် ပိုပြီးပူနေတဲ့အတွက် အိုးအပြင်ကို ​​ဝေကျ တတ်တဲ့အတွက် ဖြေးဖြေးချင်း ထည့်ပေးပါ
  • အထက်ဖော်ပြပါ နည်းအတိုင်း ပထမ အချပ်အတိုင်း ပဲရည်ကုန်တဲ့အထိ ဆက်ကြော်ပေးပါက အကြော်၁၀ချပ်ရပါမယ် 
  • အားလုံးကြော်လို့ ပြီးသွားကာ  အကြော်များ ဆီစစ်သွားပါက မိမိနှစ်သက်သလို သုံးဆောင်နိုင်မည့် ပဲကြော်ကြွတ်ကြွတ်လေးများ ရပါပြီ။

No comments:

Post a Comment