Monday 14 December 2020

ဆိတ်ဝမ်းပျင်မုန့်










ဒီနေ့တော့ ငယ်ငယ်က အရမ်းကြိုက်ခဲ့တဲ့ ဆိတ်ဝမ်းပျင်မုန့်လေး လုပ်စားဖြစ်ပါတယ် အရမ်းလဲ မချိုဘဲ ခပ်စိမ့်စိမ့် အရသာလေး ​ြဖစ်လို့ ရေနွေးကြမ်းလေးနဲ့ စားရင်လဲ လိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးပို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဂျုံမှုန့် - 160 g
  2. ပြောင်းကော်မှုန့် - 60 g
  3. နှမ်းအမည်း - ထမင်းစားဇွန်း တစ်ဇွန်း 
  4. ဆား - လက်ဖက်ရညိဇွန်း လေးပုံတစ်ပုံ
  5. ရေ - 200 mml (မုန့်ရည် အပျစ်အကျဲပေါ် မူတည်ပြီး ရေကိုလိုတိုး ပိုလျှော့လုပ်ပေးပါ)
  6. သကြား - မိမိနှစ်သက်သလောက်ထည့်ပါ
  7. အုန်းသီးခြစ်ပြီးသား - မိမိနှစ်သက်သလောက်(အုန်းသီးအနုလေးတွေကို သုံးပါက ပိုကောင်းပါတယ်)
  8. ထောပါတ် - လိုသလောက် ပြင်ထားပါ
  9. မကပ်သောဒယ်အိုး - တစ်လုံး
ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ ဆား ဂျုံမှုန့်  ပြောင်းကော်မှုန့်နှင့်ရေတို့ထည့်ပြီး သမအောင် မွှေပေးပါ
  • အားလုံး သမသွားတာနဲ့ မုန့်ပွလာအောင် နာရီဝက်လောက် ဖောက်ထားပေးပါ
  • ထောပါတ် အုန်းသီးနှင့် သကြားတို့ပို အဆင်သင့် ပြင်ထားပါ
  • မုန့်ဖောက်ချိန် ပြည့်တာနဲ့ ဒယ်အိုးကို မီးဖိုပေါ် တင်ကာ အပူပေးပါ
  • ဒယ်အိုးပူလာတာနဲ့ ထောပါတ် ထမင်းစားဇွန်း တစ်ဇွန်းစာ ထည့်ပေးပါ
  • ထောပါတ်ပူလာတာနဲ့ မုန်းနှစ်ရည်ကို အထက်အောက် သမအောင် မွှေပေးပြီး ယောက်ချိုဇွန်း တစ်ဇွန်းစာ ခပ်ပြီး အိုးထဲထည့်ပေးပါ
  • မုန့်ရည်ထည့်ပြီးတာနဲ့ ဇွန်းဖင်ဖြင့် ဝေ့ဝိုက်ပြီး ဖြန့်ပေးပါ
  • မုန့်သားပြန့်ပြန့်လေး ဖြစ်သွားတာနဲ့ အုန်းသီးနှင့်သကြားတို့ပိုထည့်ပြီး အိုးအဖုံးကို ခနအုပ်ပေးထားပါ
  • မုန့်သားကျက်သွားတာနဲ့ အိုးအဖုံးကို ဖွင့်ပေးပြီး ထက်ဝက်ချိုပြီး ခေါက်ပေးပါ
  • ထက်ဝက်ချိုး ခေါက်ပြီးတာနဲ့ နောက်တစ်ဝက်ချိုး ဒေါင့်ချွန်းပုံစံ ထပ်ခေါက်ပေးပြီး အိုးထဲမှ ဆယ်ပေးပါ
  • ကျန်နေသော မုန့်ရည်များကို အထက်ပါ နည်အးတိုင်း လုပ်ပေးပါ
  • မုန့်အားလုံး လုပ်ပြီးပါက ထောပါတ်နံ့ သင်းသင်းလေးနဲ့ ဆိတ်ဝမ်းပျင်းမုန့် စိမ့်စိမ့်လေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment