Wednesday 16 December 2020

ကြက်သားလုံးကြော်


ဒီနေ့တော့ အရသာ တစ်မျိုးလေးနဲ့ စားလို့အရမ်းကောင်းလွန်းတဲ့ ကြက်သားလုံးကြော်လေး ကြော်ဖြစ်ပါတယ် ထမင်းပူပူလေးနဲ့ လိုက်ဖက်သလို ဒီအတိုင်းလေးလဲ စားလို့ကောင်းါတယ်  ကြောင့်မိုလို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြက်သားလုံးကြော် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ


  1. ကြက်ရင်ပုံသား - 500 g
  2. ကြက်သွန်ဖြူ   - အမွှာကြီးကြီး သုံးမွှာ
  3. င​ရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ချင်း - လက်တစ်ဆစ်ခန့် (ချင်းအရသာ ကြိုက်ပါက ပိုထည့်ပေးပါ)
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. နနွင်းမှုန့် -  လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ခရုဆီ - လက်ဖက်ရည်ဇွန်း တစဇွန်း  
  9. နှမ်းဆီမွှေး - ထမင်းစားဇွန်း တစ်ဇွန်း
  10. ပြောင်းကော်မှုန့် - ထမင်းစားဇွန်ူ နှစ်ဇွန်း
  11. တန်ပူရာမှုန့် - ထမင်းစားဇွန်းလေးဇွန်း
  12. ကြက်ဥ - တစ်လုံး
  13. ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူနှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ကက်ဥကို ဇလုံတစ်လုံးထဲမှာ ခလောက်ထားပါ
  • တန်ပူရာမှုန့်ကို ပန်းကန်ထဲမှာ ထည့်ထားပေးပါ
  • ကြက်သားကို ရေဆေးပြီး အတုံးလေးတွေတုံးပေးပါ
  • ပြီးတာနဲ့ နနွင်းမှုန့် ဆား အရသာမှုန့် ပြောင်းကော်မှုန့် ခရုဆီ နှမ်းဆီမွှေး ချင်း နှင့်ကြက်သွန်ဖြူတို့နဲ့အတူ ကြိတ်စက်ထဲ ထည့်ပေးပါ
  • အသားများ ညက်သွားတဲ့အထိ ကြိတ်ပေးပါ
  • ကြက်သားများ ညက်သွားတာနဲ့ အလုံးလေးတွေ လုံးပေးပါ
  • ကြက်သားလုံးလေးတွေကို ကြက်ဥထဲမှာထည့်ပြီး နှစ်ပေးကာ  တန်ပါပူရာမှုန့်ထဲမှာ လူးပေးပါ
  • အထက်ပါ ပုံစံအတိုင်း နှစ်ကြိမ်လုပ်ပေးပြီးတာနဲ့ ကြက်သားလုံး ကြော်ဖို့ပြင်ပေးပါ
  • ဒယ်အိုးထဲမှာ ဆီများများထည့်ပြီး မီးဖိုပေါ်တင်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ ကြက်သားလုံးများကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • ကြက်သားလုံးလေးတွေ တစ်ဖက်ကျက်တာနဲ့ နောက်တစ်ဖက်ကို လှန်ပေးပြီး ကြော်ပေးပါ
  • ကြက်သားလုံး တစ်ခုလုံး ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားတာနဲ့ ကြက်သားလုံးကြော် မွှေးမွှေးလေးကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment