Thursday 31 December 2020

မုန့်ပိန္နဲစေ့ ချိုချိုလေး


ဒီနေ့မနက်တော့ မိုးလေ အေးအေးလေးနဲ့ မို့လို့ စိတ်ထဲမှာ မြန်မာပြည်ကို လွမ်းသလိုလိုလေး ခံစားလာရပါတယ် ဒီလိုနဲ့ဘဲ စိတ်ထဲမှာ မြန်မာမုန့်လေးတွေ စားချင်လာခဲ့တယ် ဘာလုပ်စားရင် ကောင်းမလဲ စဉ်းစားနေရင်းက လွယ်ကူမြန်ဆန် မုန့်ပိန္နဲစေ့လေးဘဲ လုပ်စားဖြစ်သွားပါတယ်။

မုန့်သားစပ်ပုံကတော့ မုန့်ကြာစေ့နဲ့ အတူတူပါဘဲ မုန့်လုပ်ပုံ လုပ်နည်းလေးဘဲ ကွာသွားတာပါ သူကတော့ ပိန္နဲစေ့ ပုံစံ ခပ်ရှည်ရှည်လေး လုပ်တဲ့အတွက် မုန့်ပိန္နဲစေ့လို့ ခေါ်​ခြင်းဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ မုန့်လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကောက်ညှင်းဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  2. ဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ( မုန့်သားနယ်ရန်)
  4. ထန်းလျှက် - 100 g (အချိုအရသာကို မိမိနှစ်သက်သလောက် ထည့်ပေးပါ)
  5. အုန်းသီးမှုန့်- မိမိနှစ်သက်သလောက်
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး (ထန်းလျှက်ရည်ကျိုရန်)
ထန်းလျှက်ရည်ကျိုရန်
  • အနေတော် အိုးလေးထဲမှာ ရေနှင့် ထန်းလျှက်ခဲတို့ကိုထည့်ပြီး ထန်းလျှက်ခဲများ ပျော်သွားအောင် ကျိုပေးပါ
  • ထန်းလျှက်ခဲများ ပျော်သွားတာနဲ့ အဝတ်ပါးစ သန့်သန့်လေးနဲ့ အမှိုက်များ သဲများမပါအောင် စစ်ပေးပါ
  • ပြီးတာနဲ့ မပျစ်မကျဲ အနေအထားလေး ရလာအောင် ပြန်ပြီးကျိုထားပေးပါ
ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ ကောက်ညှင်းမှုန့် နှင့်ဆန်မှုန့်တို့ကို  သမအောင် မွှေပေးပါ
  • ပြီးတာနဲ့ ရေကိုနည်းနည်းချင်း ထည့်ပြီး နယ်ပေးပါ
  • ကောပ်ညှင်းသား ပျော့လာတဲ့အထိ နယ်ပေးရမှာဖြစ်လို့ ရေကိုတစ်ခါထဲ မထည့်ဘဲ နည်းနည်းချင်းထည့်ကာ  လိုတိုး ပိုလျှော့ လုပ်ပေးပါ
  • ကောက်ညှင်းသား လုံးလို့ရတဲ့ အနေအထားလောက် ရလာတာနဲ့ ပိ န္နဲစေ့လောက် မကြီးပေမဲ့ ပိန္နဲစေ့ပုံစံ အနေတော်လေးတွေ လုံးပေးပါ
  • မုန့်သားအားလုံး လုံးပြီးတာနဲ့ အိုးထဲကို ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက်ဆူ အောင် တည်ပြီးတာနဲ့ လုံးထားသော မုန့်လေးတွေကို တစ်လုံးချင်း ထည့်ပေးပါ
  • ဇလုံတစ်လုံးထဲမှာ ရေခပ်များများလေးထည့်ပြီး အဆင်သင့် ပြင်ထားပါ
  • မုန့်လုံးလေးတွေ ရေပေါ်ပေါ်လာပြီး ငါးမိနစ်လောက်နေရင် ဆယ်ပေးပြီး ရေဇလုံထဲမှာ စိမ်ထားပေးပါ
  • မုန့်သားအားလုံး ပြုပ်လို့ ပြီးသွားတာနဲ့ အုန်းသီးမှုန့်နဲ့အတူ ထန်းလျှက်ရည်အိုးထဲမှာ ထည့်ပေးပါ
  • ပြီးတာနဲ့ မီးဖိုပေါ်တင်ပြီး မီးနွေးနွေးလေးနဲ့ ငါးမိနစ်လောက် တည်ပေးပြီးရင် ရပါပြီ
  • ချိုစိမ့်နေတဲ့ မုန့်ပိန္နဲစေ့ ပူပူလေးကို စားသုံးရန် ပြင်ပေးလို့ ရပါပြီ။

No comments:

Post a Comment