Friday 18 December 2020

ပုဇွန် သင်္ဘောသီးထောင်း



ဒီနေ့တော့ သင်္ဘောသီး အစိမ်းလေးတွေ ဝယ်လာပြီး ပုဇွန်ထုတ်လေးတွေနဲ့ ထောင်းစားဖြစ်ပါတယ် မာမာကတော့ ထမင်းမစားချင်တဲ့ နေ့တွေဆို အခုလိုလေး စားရတာ ပါးစပ်ထဲမှာ ခံတွင်းတွေ့သလိုလဲ ခံစားရပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ
  1. သင်္ဘောသီး ခြစ်ပြီးသား - လက်တစ်ဆုတ်စာ
  2. ပုဇွန်ပြုပ်ပြီးသား - အကောင်ကြီးကြီး ၇ကောင်
  3. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  4. ယိုးဒယား ငါးပိရည် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ယိုးဒယား ပုဇွန်ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ယိုးဒယား ဂဏန်းငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  7. သံပုရာသီး - တစ်လုံး
  8. ထန်းလျှက်ခဲ - အနေတော် တစ်ခဲ
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  10. ငရုတ်သီး အခြောက်တောင့် - ငါးတောင့်ခန့်
  11. ချယ်ရီ ခရမ်းချဉ်သီး - ငါးလုံး
  12. ကြက်သွန်ပင်ပေါက် - ငါးပင်ခန့်
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  • ပုဇွန်ထုတ်ကို ရေဆေးပြီး ရေမြုပ်အောင်ထည့်ကာ ပြုပ်ပေးပါ
  • ပုဇွန်ပြုပ်အိုး ရေပွက်ပွက်ဆူတာနဲ့ သုံးမိနစ်လောက် ထားပေးကာ ရေပူများကို သွန်ပေးပါ
  • အြီးတာနဲ့ အခွံများ ခွာပေးထားပါ
  • ပါဝင်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်ပင်လေးတွေကို ရေဆေးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ထန်းလျှက်ခဲ  ကြက်သွန်ဖြူနှင့် ငရုတ်သီးတောင့်တို့ကို ထည့်ထောင်းပေးပါ
  • မညက်တစ်ညက် အနေအထားလေး ရလာတာနဲ့ သုံးရမဲ့ ငါးပိရည် ငံပြာရည်နှင့် အရသာမှုန့်တို ကို ထည့်ပေးပြီး ဇွန်းနှင့်မွှေပေးပါ
  • ပြီးတာနဲ့ သံပုရည်ညှစ်ထည့်ကာ ခရမ်းချဉ်သီး ပုဇွန်ထုတ်နှင့် သင်္ဘောသီးတို့ကို ထည့်မွှေပေးပါ
  • အားလုံးအရသာ သမသွားတာနဲ့ အရသာကို မြည်းပေးပြီး ချိုချဉ်ငံစပ် အရသာကို မြည်းပေးကာ လိုအပ်တာကို မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရလာပြီ ဆိုရင်တော့ချဉ်ငံစပ် သင်္ဘောသီးထောင်းလေးကို ကြက်သွန်ပင်လေးတွေနဲ့ တွဲဖက်ပြီး စားသုံးရန်  ပြင်ဆင်ပေးနိူင်ပါပြီရှင်။

No comments:

Post a Comment