Sunday 10 May 2020

ပဲကြာဇံကြော်


ထမင်းဝိုင်းမှာ အသီးအရွက်ကြော်လေး တစ်မယ်ပါလေမှ ထမင်းက စားလို့မြိန်မှာမို့လို့ ဒီနေ့တော့ အသီးအရွက်လေးတွေနဲ့ရောပြီး ပဲကြာဇံ ကြော်ဖြစ်ပါတယ် အဲဒါကြောင့် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပဲကြာဇံ - တစ်ပွဲစာ (လက်တစ်ဆုပ်စာ)
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ကြက်ဥ - တစ်လုံး
  4. မုန်လာဥနီ - အနည်းငယ်
  5. ဘရော့ကိုလီ - အနည်းငယ်
  6. ပဲတောင့်ရှည် - ငါးတောင့်
  7. ဂေါ်ဖီ - တစ်စိတ်
  8. တရုတ်နံနံ - အပင်ခပ်သေးသေး နှစ်ပင်
  9. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  10. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  14. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  15. ဆီ - ထမင်းစားဇွန်း - ရှစ်ဇွန်း
  16. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ

  • ပဲကြာဇံကို ရေမြုပ်အောင်ထည့်ပြီး နာရီဝက်လောက် ရေစိမ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ် စိတ်ထားပါ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ဂေါ်ဖီကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ဘရော့ကိုလီကို ရေဆေးပြီး အနေတော် လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်သလို လှီးပေးပါ
  • ပဲသီးကို ရေဆေးပြီး အနေတော် ခပ်စောင်းစောင်းလေးတွေ လှီးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး လက်တစ်ဆစ်ခန့် အနေအထား လှီးထားပါ
  • ကြဥကို ဇလုံထဲမှာထည့်ပြီး ခလောက်ထားပါ
  • ငရုတ်ကောင်းမှုန့်ကို အဆင်သင့် ပြင်ထားပါ
  • ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် ခရုဆီ နှမ်းဆီ ဆားနှင့် အရသာမှုန့်တို့ကို ပန်းကန်လုံးထဲမှာ ရောကာအရသာ စပ်ထားပါ
  • ရေစိမ်ထားသော ပဲကြာဇံ ပျော့လာပါကဆယ်ပြီး ရေစစ်ထားပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာပါက ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ ကို မွှေးသွားအောင် အရင်ဆုံး ကြော်ပေးပါ
  • ကြက်သွန်ဖြူ နံ့ မွှေးလာတာနဲ့ တရုတ်နံနံမှလွဲပြီး ကျန်အသီးအရွက်များကို တစ်မိနစ်လောက် ထည့်ကြော်ပါ
  • ပြီးတာနဲ့ ခလောက်ထားသော ကြက်ဥကို ထည့်ကြော်ပါ
  • ကြက်ဥကျက်တာနဲ့ ပဲကြာဇံထည့်ပြီး အရသာ စပ်ထားသော အရသာများကိုထည့်ကာ သမအောင် မွှေပေးပါ
  • အသီးအရွက်ကြော်စဉ် ထွက်လာသော အရည်ဖြင့် ပဲကြာဇံ ပျော့သွားအောင် ခနထားပေးပါ 
  • ပဲကြာဇံ ပျော့လာပါက အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ငရုတ်ကောင်းမှုန့်နှင့် တရုတ်နံနံထည့်ပြီး  အရသာနှံ့အောင် မွှေပေးကာ ပဲကြာဇံကြော်ကို မိမိနှစ်သက်သလို ပြင်ဆင်ပြီး စားသုံးနိုင်ပါပြီ။

No comments:

Post a Comment