ဒီနေ့တော့ အသားတွေ မစားချင်တာနဲ့ ကြက်ဥကို အရွက်လေးတွေ ရောထည့်ပြီး ခေလာက်ထားကာ ကြော်ထားပါတယ် ထမင်းပူပူလေးနဲ့ လိုက်ဖက်သလို ဒီအတိုင်း စားရင်လဲ ကောင်းလွန်းလို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ကြက်ဥ - သုံးလုံး
- Kale အရွက် - နှစ်ရွက်ခန့်
- ကြက်သွန်မိတ် - နှစ်ပင်
- မုံလာဥနီ - အနေတော် တစ်ဥ
- ကြက်သွန်နီ - အနေတော် တစ်ဥ
- ဆီ - ထမင်းစားဇွန်း လေးဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- မကပ်သော ဒယ်အိုး - တစ်လုံး
ပြင်ဆင်ပုံ
- ကြက်ဥကို ဆား အရသာမှုန့်တို့ထည့်ပြီး ခလောက်ထားပါ
- မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ အမျှင်သေးသေးလေးတွေ ခြစ်ထားပါ
- ကြက်သွန်နီကို အခြံခြာကာ အလုံးလိုက်ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- Kale အရွက်ကို ရေစင်အောင်ဆေးပြီး ရေစစ်ကာ ခပ်ပါးပါး ရိတ်ရိတ်လေးတွေ လှီးထားပါ
- ကြက်သွန်မိတ်ကို ရေဆေးပြီး တစ်လက်မလောက် အနေလေးတွေ လှီးထားပါ
- ကြက်ဥခလောက်ထားသော ပန်းကန်ထဲကို ကြက်သွန်မိတ် မုံလာဥနီ ကြက်သွန်နီနှင့် kale အရွက်များကို ထည့်ပေးပြီး မွှေပေးပါ
- ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့် အနည်းငယ် ထည့်ပေးပါ
- ဆီအငွေ့တက်လာပါက မီးအနည်းငယ်လျှော့ပြီး အရသာစုံအောင် ခလောက်ထားသော ကြက်ဥကို ထည့်ကြော်လိုက်ပါ
- ကြက်ဥမွှေကြော် တစ်ဖက်ကျက်လာပါက နောက်တစ်ဖက်ကို လှန်ပြီးကြော်ပေးပါ
- ကြက်ဥကြော် နောက်တစ်ဖက် ကျက်လာလျှင် ဟင်းပွဲပြင်ရန် ပန်းကန်ထဲသို့ ပြောင်းထည့်ပေးကာ သုံဆောင်နိုင်ပါပြီ။
No comments:
Post a Comment