ဒီနေ့တော့ ထမင်းပူပူလေးဘဲစားစား ဒီအတိုင်းဘဲစားစား အရမ်းကိုမှ စားလို့ကောင်းလွန်းတဲ့ ကြက်ကြော်မွှေးမွှေး မွမွလေးကို ကြော်ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ ဒီတစ်ခါတော့ အရသာလေးလဲ ဆန်းရလေအောင် bread crumb အမှုန့်လေးလူးပြီး ကြွတ်ကြွတ်လေး ကြော်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ဖြစ်တဲ့ ကြက်ကြော် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါ၀င်ပစ္စည်းများ
- ကြက်ပေါင်သား - လေးခု
- ကြက်ဥ - တစ်လုံး
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- သံပုရာရည် - ထမင်းစားဇွန်းတစ်၀က်
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆီ - လိုသလောက်
- Bread crumbs - ထမင်းစားဇွန်း လေးဇွန်းမောက်မောက်
ပြင်ဆင်ပုံ
- ကြက်သားကို ရေဆေးပြီး ရေခြောက်အောင် Paper Towelနှင့် ခပ်ဖွဖွ သုတ်ပေးပါ
- အသားများကို နနွင်းမှုန့် ဆား အရသာမှုန့် သံပုရာရည်တို့နဲ့အရသာ၀င်အောင် ဆုတ်ဆုတ်ပြီး နယ်ပေးပါ
- အရသာ နယ်ပြီးပါက ကြက်ဥကို ဖောက်ထည့်ပြီး အရသာ သမအောင် နယ်ပေးကာ တစ်နာရီလောက် နှပ်ထားပေးပါ
- အရသာ နှပ်ပြီးသွားပါက bread crumbs မှုန့်နဲ့ ကြက်ပေါင်သား တစ်ခုလုံး အပေါ်ကို ဖြူ းပြီး ခပ်ဖွဖွ လူးပေးပါ
- အောက်ချေ မကပ်သော ဒယ်အိုးတစ်လုံးထဲမှာ ဆီကိုခပ်များများထည့်ပြီး အပူပေးပါ
- ဆီပူလာပါက မီးကိုအနေတော်မှာ ထားပေးပြီး ကြက်သားကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
- ကြက်သားတုံး တစ်ဖက်ရွှေဝါရောင် သန်းလာရင် နောက်တစ်ဖက် လှန်ပေးပြီး နောက်တစ်ဖက် ရွှေဝါရောင် သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
- ဆီစစ်သွားပါက ကြက်သားကြော် ကြွတ်ကြွတ်မွှေးမွှေးလေးကို စားသုံရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment