ဒီနေ့တော့ ဂုံးလေးတွေ ဝယ်လာပြီး သငေ်္ဘာသီးနဲ့ ထောင်းပါတယ် ဂုံးကပွုပျပွီးသားလေးေှ ဖြစ်တဲ့အတွက် ထပ်ပြုပ်စရာ မလိုဘဲ ရေနွေးပူပူလေးနဲ့ ဆေးပေးရင်ရပါတယ် ဂုံးအစိမ်းကို သုံးမယ်ဆိုရင်တော့ ပြုပ်ပေးရန် လိုပါတယ်။
အားလုံးပြင်ဆင်ပြီးပြီဆိုတာနဲ့ ရာသီဥတုနဲ့ လိုက်ဖက်ပြီး အင်မတန်မှ စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ထောင်တဲ့ းနည်းလေး တစ်မျိုးကို ထပ်မံပြီး မ်ွဝေလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- သင်္ဘောသီးစိမ်း - အနေတော် တစ်ခြမ်း
- ဂုံး - အကောင် ၅၀ခန့်
- ငရုတ်သီး အခြောက်တောင့် - ၅တောင့်
- ထန်းလျှက်ခဲ - ကွမ်းသီးဆံ အလုံးလောက် တစ်ခဲ
- အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကြက်သွန်ဖြူ- အမွှာကြီးကြီး ၃မွှာ
- ငါးငံပြာရည်အနောက် -ထမင်းစားဇွန်း တစ်ဇွန်း
- ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ဂဏန်းပြုပ်ရန်)
- ချယ်ရီခရမ်းချဉ်သီး - ၁၀လုံးခန့်(သို့ ) အလုံးကြီးကြီး တလုံး
- သံပုရာသီး - တစ်လုံး (အချဉ်ကြိုက်ပါက ပိုထည့်ပါ )
ပြင်ဆင်ပုံ
- သင်္ဘောသီးကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင်ခြစ်ထားပါ။
- ခြစ်ပြီးသော သင်္ဘောသီး သီးများကို သင်္ဘောသီး အစိမ်းနံ့မနံအောင် ရေများများနဲ့ ဆေးပြီးရေစစ်ထားပါ။
- ခရမ်းချဉ်သီးကို ရေဆေးပြီး တ၀က်ဝက် ခြမ်းထားပါ။
- ခရမ်းချဉ်သီး အလုံးကြီးကို သုံးပါက ခပ်ထူထူလေး လှီးထားပါ။
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ။
- သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်း ခြမ်းပေးထားပါ။
- ဂုံးကိုရေစင်အောင် ဆေးထားပါ။
- ရေဆေးပြီးတာနဲ့ အိုးတစ်လုံးထဲမှာ ဂုံးနှင့် ရေအနည်းငယ်နှင့် ထည့်ပြီး ဆားအနည်းငယ်ထည့်ကာ ရေခမ်းအောင် ပြုပ်ပေးပါ။
- ပြုပ်ထားသော ဂုံးပြုပ်ရေခမ်းတာနဲ့ အအေးခံပေးထားပါ။
ထောင်းရန်ပြင်ဆင်ပုံ
- ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ထန်းလျှက်ခဲ ကြက်သွန်ဖြူ ငရုတ်သီးအခြောက်တောင့်တို့ကိုထည့်ပြီး မညက်တညက် ထည့်ထောင်းပါ။
- ပြီးတာနဲ့ သင်္ဘောသီးနှင့် ခရမ်းချဉ်သီးတို့ကို ထည့်ထောင်းပေးပါ။
- အနည်းငယ် သမသွားတာနဲ့ ငံပြာရည်နှစ်မျိုးလုံးနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ။
- ထောင်းနေစဉ် အရသာ သမသွားအောင် ဇွန်းအရိုးရှည်ရှည်နှင့် မွှေမွှေပေးပါ။
- မိမိအသုံးပြုပြီး ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး သင်္ဘောသီးကို ကြည့်ထောင်းပါ။
- ကျောက်ကျည်ပွေ့ဆိုပါက ၅ချက်မှ ၁၀ချက်လောက် ခပ်ဖွဖွလေး ထောင်းပေးပါ။
- သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၅ချက် လောက် ခပ်ဖွဖွလေး ထောင်းပေးမှ အရသာ ၀င်ပါတယျ။
- သင်္ဘောသီး ထောင်းတယ်ဆိုပေမဲ့ အရမ်းညက်နေအောင် ထောင်းစရာမလိုဘဲ ခပ်ဖွဖွထောင်းလိုက် ဇွန်းနဲ့မွှေလိုက် လုပ်ပေးရပါတယ်။
- အရသာ သမလောက်ပြီ ဆိုတာနဲ့ ဂုံးနှင့် သံပုရာရည်တို့ကို ထည့်ပြီး ဇွန်းနှင့် ခပ်ဖွဖွလေး ၄ချက်လောက် မွှေပေးပါ။
- မွှေနေစဉ် အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရသာ ရတဲ့အထိ ပြင်ပေးပါ။
- ပြီးတာနဲ့ ဂုံး သင်္ဘောသီးထောင်း ချိုချဉ်ငံစပ်လေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment