Tuesday 14 May 2019

မုန့်ဖတ်ထောင်း



အးရှန်းဆိုင်က ပဲတောင့်ရှည်လေးတွေ ဝယ်လာပြီး အေးလွန်းတဲ့ ရာသီဥတုမွာ စားလို့အရမ်းကောင်းမဲ့ ချိုချဉ်ငံစပ် အရာသာစပ္ကာ မုန့်ဖတ်လေး ထောင်းစားဖြစ်ပြန်ပါတယ်။

မုန့်ဖတ်ထောင်းလို့ နံမည်တတ်ပေမဲ့ ငရုတ်ဆုံထဲထည့်ပြီး တအားကြီး ထောင်းတာမဟုတ်ဘဲ ခပ္ဖြဖြေလး ထောင်းမွှေမွှေတဲ့ သေဘာပါဘဲ ဒါကြောင့်မို့လို့ မုန့်ဖတ်ထောင်းနည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မုန့်ဖတ် - ဆယ်ငါးကျပ်သား
  2. ပဲတောင့်ရှည် - လေးတောင့်
  3. ချယ်ရီခရမ်းချဉ်သီး - ၇လုံးခန့်
  4. ကြက်သွန်ဖြူ အမွှာကြီးကြီး - ၃မွှာ
  5. ငရုတ်သီး အစပ်အခြောက်တောင့် - ၇တောင့်ခန့်
  6. ထန်းလျှက်ခဲ - ကွမ်းသီးဆံလုံးလောက် တစ်ခဲ
  7. မြေပဲလှော် - မိမိနှစ်သက်သလောက်ထည့်ပါ
  8. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  9. သံပုရာသီး - တစ်ခြမ်း
ပြင်ဆင်ပုံ
  • မုန့်ဖတ်နှင့်အတူ ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
  • ကြက်သွန်ဖြူကို အခြံခြာကာ ရေဆေးထားပါ
  • ပဲတောင့်ရှည်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ထက်၀က်ခြမ်းထားပါ
  • ငရုတ်သီးတောင့်ကို အညှာခြွေပြီး ရေဆေးထားပါ
  • မြေပဲလှော်ကို ပြင်ထားပါ
  • သံပုရာသီးကို ရေဆေးပြီး လေးစိတ်စိတ်ထားပါ
  • ကျန်လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • ငရုတ်ဆုံထဲမှာ အရင်ဆုံး ထန်းလျှက်ခဲ ငရုတ်သီးတောင့်နှင့်ကြက်သွန်ဖြူကို မညက်တညက် အနေအထားရအောင် ထည့်ထောင်းပါ
  • ပြီးတာနဲ့မြေပဲလှော်နှင့် ပဲသီးတို့ကို ခပ်ဖွဖွလေး ထည့်ထောင်းပါ
  • ထောင်းထားတာတွေကို သမအောင် ဇွန်းနဲ့မွှေပေးပြီး မုန့်ဖတ် ခရမ်းချဉ်သီး ငံပြာရည်နှင့် သံပုရာရည်ကို ညှစ်ပြီး အခွံပါတို့ထည့်ကာ ခပ်ဖွဖွထည့်ထောင်းကာ ဇွန်းနှင့်သမအောင် မွှေပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • အရသာပြင်ပြီးတာနဲ့ ပန်းကန်တခုထဲထည့်ကာ မုန့်ဖတ်ထောင်း ချိုချဉ်ငံစပ်လေးကို မိမိနှစ်သက်တဲ့ အသားကင် ငါးကင် တစ်မျိုးမျိုးနဲ့ တွဲဖက်ပြီး သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment