ဒီနေ့တော့ ဗီယက်နမ်ဈေးက ဝယ်လာတဲ့ မျောက်ငိုသီး ဆီပြန်ဟင်းလေး ချက်ဖြစ်ပါတယ် မျောက်ငိုသီးရဲ့ အရသာက ဒညင်းသီးနဲ့ တော်တော်တူပြီး အနံ့ကလဲ ဒညင်းသီးနံ့နဲ့ တစ်ထပ်ထဲတူပါတယ်။
ဒညင်းသီးက ဘေးထွက်ဆိုးကျိုးတွေ များသလောက် မျောက်ငိုသီးကတော့ ကောင်းကျိုးတွေ အများကြီးပါတယ်လို့ သိရပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင် ချက်ပြုပ်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- မျောက်ငိုသီး - တစ်ထုတ်
- ပုဇွန် - တစ်ဆယ်သား
- ကြက်သွန်နီ - အနေတော် တဥ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
- ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
- ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
- ဆီ - ထမင်းစားဇွန်း ၅ဇွန်း
ပြင်ဆင်ပုံ
- မျောက်ငိုသီးကို ရေဆေးပြီး ရေစစ်ထားပါ။
- ကြက်သွန်နီကို ရေစင်အောင်ဆေးပြီး ခပ်နုတ်ျနုတ်လေးတွေ လှီးထားပါ။
- ကြက်သွန်ဖြူကို အခွံခွာကာ ရေစင်အောင်ဆေးပြီး ဓါးပြားရိုက်ကာ ခပ်နုတ်နုတ် လှီးထားပါ။
- ပါဝင်ပစ္စည်းများကို အဆင်သင့်ပြင်ထားပါ။
- ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ။
- ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ငရုတ်သီးအရောင်တင်မှုန့်တို့ထည့်ပြီး ဆီသတ်ပေးပါ။
- ဆီသတ်နေစဉ် ငရုတ်သီးများ မည်းမသွားစေရန် မကြာမကြာ မွှေပေးပါ။
- ဆီသတ်နံ့ သင်းလာတာနဲ့ ပုဇွန်ကိုအရင်ဆုံး ထည့်ချက်ပေးပါ။
- ပုဇွန်ထည့်ပြီးတာနဲ့ ငံပြာရည်ကို တဆက်ထဲ ထည့်မွှေပေးပါ။
- ပုဇွန်ထည့်ပြီး သုံးမိနစ်လောက် ချက်ပေးပြီးတာနဲ့ မျောက်ငိုသီး အရသာမှုန့်နှင့် ဆားတို့ကို ထည့်မွှေပေးပါ။
- ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ။
- အိုးမကပ်စေရန် အိုးကိုမကြာမကြာ လှုပ်ပေးပါ။
- ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ။
- ဟင်းဆီပြန်လာပါက မီးပိတ်ပြီး ပန်းကန်ထဲ ပြောင်းထည့်ပေးပါ။
- အင်မတန်မှ စားလို့ကောင်းတဲ့ မျောက်ငိုသီး ဆီပြန်ဟင်းလေးကို ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ပါပြီ။
ကျေးဇူတင်ပါတယ်
ReplyDeleteကျေးဇူတင်ပါတယ်
ReplyDelete