ဒီနေ့တော့့ Enoki mushroom လေးတွေကို တန်ပူရာမှုန့်နဲ့ ကြော်စားဖြစ်ပါတယ် သတ်သတ်လွတ် စားသူတွေအတွက် အရမ်းအဆင်ပြေစေတဲ့ အကြော်လေးဖြစ်တဲ့အတွက် မာမာတို့အိမ်မှာ မကြာမကြာ ကြော်စားဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ ကြော်ရတာ လွယ်သလောက် စားရတာ အရမ်းကောင်းတဲ့အတွက် မှိုလေးတွေလဲ မိမိအိမ်မှာ အဆင်သင့် ရှိနေမယ် အချိန်လေးလဲ အားနေမယ် ဆိုရင်တော့ ကြော်စားကြည့်ရအောင် ကြော်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- Enoki mushroom - 60 g
- တန်ပူရာမှုန့် - 150 g
- ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်မရှိတစ်ရှိ
- ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
- တန်ပူရာမှုန့်ကို ရေနည်းနည်းချင်းထည့်ကာ ရောပေးပြီး သမအောင်မွှေပေးကာ ခပ်ပျစ်ပျစ်ဖျော်ပေးပါ
- ရေကိုတစ်ခါထဲ မထည့်ဘဲ နည်းနည်းချင်းထည့်ပေးကာ လိုတိုးပိုလျော့ လုပ်ပေးပါ
- မုန့်နှစ်ကို ခပ်ပြစ်ပြစ် အေနအထား ရအောင်ဖျော်ပေးပါ
- မှိုမှာပါဝင်တဲ့ မလိုအပ်တဲ့ အောက်ပိုင်းနေရာကို ဖြတ်ပေးပြီး ဖယ်ပေးကာ လွှင့်ပလိုက်ပါ
- ကျန်နေသော အပိုင်းကို ရေဆေးကာ ရေစစ်ထားပါ
- မှိုကို လက်ညှိုးတချောင်းစာ သာသာ ယူပေးပြီး ဖျော်ထားသာ မုန့်နှစ်ထဲမှာ နှစ်ပေးပါ
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုမီးအား ခပ်ပြင်းပြင်းနဲ့ အပူပေးပါ
- ဆီပူလာပါက မီးကိုအလယ်လောက်အထိ လျှော့ပေးပြီးမှ မှို မုန့်နှစ်လူးကို ထဲ့ကြော်ပေးပါ
- မုန့်နှစ်လူးထားတဲ့ မှိုကိုဆီအိုးထဲ ထည့်ရာမှာ အထဲထိ ကျက်စေရန်အတွက် ဖြန့်ပြီးထည့်ပေးပါ
- မီးအရမ်း မများစေရန် သတိပြုပြီး ကြော်ပေးပါ
- မီးအရမ်း မ်ားပါက မှိုရဲ့ အထဲဖက်မှာ မကျက်ဘဲ ပျော့ပြဲကြီး ဖြစ်နေတတ်ပါတယ်
- ကြော်နေစဉ် တစ္ဖက္က ရွှေဝါရောင်သန်းလာပါက တစ်ဖက်ကို လှန်ပေးပါ
- နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာပါပြီး ကြွတ်ရွလာပါက ဆယ်ပြီးဆီစစ်ပေးပါ
- ဆီစစ်သွားပါက မှိုကြော် ကြွတ်ကြွတ်ရွရွ ချိုချိုလေးကို ဆလတ်ရွက် နှစ်သက်ရာ အချဉ်နဲ့ တွဲဖက်ကာ သုံးဆောင်လို့ရပါပြီ။
No comments:
Post a Comment