Thursday 3 September 2020

ဒူးရင်းသီး ကောက်ညှင်းပေါင်း အုန်းနို့ဆမ်း








Covid ကာလမှာ အပြင်စာတွေ မစားရဲတော့ အိမ်မှာဘဲ သရည်စာလေးတွေ လုပ်စားဖြစ်ပါတယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ ဒူးရင်းသီးနံ့လေးနဲ့ စားလို့အရမ်းကောင်းလွန်းတဲ့ အချို ပွဲလေး ပြင်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကောက်ညှင်းပေါင်းကို ဒူးရင်းသီး ချိုချို မွှေးမွှေးလေးနဲ့ စားကြပါမယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. ကောက်ညှင်းဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. အုန်းနို့ - 450 g (ready made တစ်ဗူး)
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ဒူးရင်းသီး - ငါးမွှာ
  5. ပေါင်းအိုး - တစ်လုံး
  6. Baking paper - လိုသလောက် သုံးပေးပါ

အုန်းနို့ချက်ရန်

  • ဇောက်နက်သော အနေတော် အိုးတစ်လုံးထဲမှာ အုန်းနို့နှင့် ဆားကိုထည့်ပြီး တည်ပေးပါ
  • အုန်းနို့အိုး တည်ထားစဉ် ဝေကျတတ်တဲ့အတွက် မကြာမကြာ မွှေပေးပါ
  • အုန်းနို့ ခပ်ပျစ်ပျစ်လေး ရလာတာနဲ့ မီးပိတ်ပေးပါ။

ပြင်ဆင်ပုံ

  • ကောက်ညှင်းဆန်ကို ဇလုံတစ်လုံးထဲမှာ ရေမြုပ်အောင်ထည့်ကာ ၆နာရီခန့် ရေစိမ်ထားပေးပါ
  • ရေစိမ်ထားချိန် ပြည့်တာနဲ့ ကောက်ညှင်းဆန်ကို ခပ္ဖြဖြေလး ရေဆေးပေးကာ ရေစစ်ပေးပါ
  • ရေစစ်သွားတာနဲ့ ပေါင်းခံဇကာထဲ ထည့်ပေးပါ
  • မာမာ အသုံးပြုတဲ့ ပေါင်းခံဇကာက အပေါက်ကြီးတဲ့အတွက် ပေါင်းခံဇကာထဲမှာ baking paper ခံပေးထားပါတယ်
  • ပေါင်းအိုးအောက်ခံ အိုးထဲမွာ ရေထည့်ပြီး ကောက်ညှင်းဆန် ထည့်ထားသော ပေါင်းခံဇကာကို တင်ပေးပါ
  • ပြီးတာနဲ့ ပေါင်းအိုးကို အဖုံးအုပ်ပြီး ပေါင်းမည့် steam ခလုတ်နှိပ်ကာ မိနစ်၂၀ ချိန်ပေးပြီး ပေါင်းပေးပါ
  • ကောက်ညှင်ပေါင်းချိန် ပြည့်တာနဲ့ ပေါင်းအိုးထဲမှ လေကို ကုန်အောင်ထုတ်ပြီးမှ အဖုံးဖွင့်ပေးပါ
  • အိုးအဖုံး ဖွင့်ပြီးတာနဲ့ ကောက်ညှင်းပေါင်းကို အထက်အောက် သမသွားအောင် မွှေပေးပြီး အိုးအဖုံး ပြန်ဖုံးပေးကာ ဆယ်မိနစ်လောက် လက်ကျန်အပူရှိန်နဲ့ နှပ်ပေးထားပါ
  • ဒူးရင်းသီးကို အဆင်သင့် ပြင်ထားပါ
  • အုန်းနို့ကိုလဲ အဆင်သင့် ပြင်ထားပါ
  • ပြီးတာနဲ့ ပန်းကန်ပြားထဲ ကောက်ညှင်းပေါင်း ထည့်ပေးပြီး ကောက်ညှင်းပေါင်း အပေါ်မှာ အုန်းနို့ကို ဆမ်းပေးပါ
  • အုန်းနို့နံ့ မွှေးမွှေးလေးနဲ့ ဒူးရင်းသီး အမွှာလေးများ ထည့်ပေးကာ ကောက်ညှင်းပေါင်း ပူပူလေးကို သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment