ဒီနေ့တော့ အိမ်ကသံပုရာပင်လေးမှာ အသီးလေးတွေ ရင့်လာတော့ ခူးချင်လာသလို ပူစီနံ အိုးလေးလဲ အပင်လေးတွေ တက်လာပြီမို့လို့ ဘာချက်စားရင် ကောင်းမလဲလို့ စဉ်းစားမိပါတယ်။
ဒီတော့ ပြည်ပလာတာလေး ချက်စားမယ်ဆိုပြီး ချက်ဖြစ်ပါတယ် ပလာတာ လုပ်နည်းကိုတော့ https://mmlazp.blogspot.com/2016/09/blog-post_14.html ဒီလင့်လေးမှာ ကြည့်နိူင်ပါတယ် ပြည်ပလာတာလေးက ပဲအရသာ စိမ့်စိမ့်လေးနဲ့ စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ (၁၀ယောက်စာ)
- ပလာတာ - တစ်ဆယ့်ငါးချပ်
- ကြက်သား - တစ်ကီလို (အရိုးအသား တွဲသုံးပါ)
- ကုလားပဲခြမ်း - နှစ်ဆယ်သား
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ပဲပြုပ်သည့် အထဲထည့်ရန်)
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ကြက်သား အရသာနယ်ရန်)
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သား အရသာနယ်ရန်)
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သား အရသာနယ်ရန်)
- မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ (ကြက်သား အရသာနယ်ရန်)
- ငရုတ်ပွခြောက် - ခြောက်တောင့် (သို့မဟုတ်)
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
- ကြက်သွန်နီ - အနေတော် လေးလုံး (ငရုတ်သီးနှင့် ရောထောင်းရန်)
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ကိုးမွှာ (ငရုတ်သီးနှင့် ရောထောင်းရန်)
- ချင်း - လက်တစ်ဆစ်ခန့် (ငရုတ်သီးနှင့် ရောထောင်းရန်)
- အာလူး - ကီလိုဝက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (အာလူးအရသာနယ်ရန်)
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (အာလူး အရသာနယ်ရန်)
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (အာလူး အရသာနယ်ရန်)
- ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း (အာလူးကြော်ရန်နှင့် ဆီသတ်ရန်)
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဟင်းရည်အိုးထဲ ထည့်ရန်)
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဟင်းရည်အိုးထဲ ထည့်ရန်)
- ကရဝေးရွက် -နှစ်ရွက်
- ပဲနံ့သာစေ့ - လက်ဖက်ရည်ဇွန်းနှစ်ဇွန်း
- ဂေါ်ဖီထုပ် - တစ်စိတ်
- ကြက်သွန်နီ - အနေတော် ငါးလုံး
- ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်သ
- ပုရာသီး - ငါးလုံး
- ပူစီနံ - မိမိနှစ်သက်သလောက်
ပဲပြုပ်ရန် ပြင်ဆင်ပုံ
- ကုလားပဲခြမ်းကို ရေနှစ်ထပ်လောက် ဆေးပေးပြီး ဇောက်နက်သော အိုးထဲမွာ ထည့်ပေးပါ
- ကုလားပဲခြမ်းကို ရေမြုပ်အောင်ထည့်ပြီး နနွင်းမှုန့်ထည့်ကာ ပြုပ်ပေးပါ
- ပဲပြုပ်တဲ့အခါ ပဲအိုးထဲမွ ရေများဝေမကျအောင် အိုးအဖုံးကို ဟပြီးပြုပ်ပေးပါ
- ပဲများကို နူးတဲ့အထိ ပြုပ်ပေးပြီး ပဲများနူးပါက အအေးခံပြီး ပဲများကျေသွားအောင် ချေထားပါ
ကြက်သားချက်ရန်
- ကြက်သားကို အတုံးလိုက် ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
- ဇလုံထဲမှာ ကြက်သား နနွင်းမှုန့် ဆား အရသာမှုန့်နှင့် မဆလာတို့ထည့်ကာ အရသာဝင်အောင် နယ်ပေးပါ
- အရသာ နယ်ပြီးတာနဲ့ ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ နှစ်နာရီခန့် နှပ်ထားပေးပါ
ငရုတ်သီးထောင်းရန်
- ငရုတ်ပွတောင့်ကို နာရီဝက်လောက် ရေစိမ်ပေးပြီး အညှာခြွေကာ ရေဆေးပေးပါ
- မာမာကတော့ ငရုတ်ပွတောင့် မရှိတဲ့အတွက် ငရုတ်သီး အရောင်တင်မှုန့်ကို သုံးထားပါတယ်ကြ
- က်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်စိတ်ထားပေးပါ
- ကြက်သွန်ဖြူ နှင့် ချင်းကို အခွံခွာပြီး ရေဆေးပေးပါ
- ပြီးတာနဲ့ ငရုတ်ဆုံထဲမှာ ငရုတ်ပွတောင့် (သို့မဟုတ်) ငရုတ်သီး အရောင်တင်မှုန့် ချင်း ကြက်သွန်ဖြူ နှင့် ကြက်သွန်နီတို့ကို ညက်နေအောင် ရောပြီး ထောင်းပေးထားပါ
အာလူးကြော်ရန်
- အာလူးများကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ လေးစိတ်စိတ်ထားပါ
- ပြီးတာနဲ့ အာလူးမ်ားကို နနွင်းမှုန့် အရသာမှုန့်နှင့် ဆားတို့ထည့်ကာ အရသာဝင်အောင် နယ်ပေးပါ
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ ဆီပူလာတာနဲ့ အာလူးကို ထည့်ကြော်ပေးပါ
- အာလူးတစ်တုံးလုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပေးထားပါ
ဟင်းချက်ရန်
- အာလူးကြော်ထားသော ဆီအိုးထဲမွာ ပဲနံ့သာစေ့နှင့် ကရဝေးရွက်တို့ကို ထည့်ကြော်ပေးပါ
- ပြီးတာနဲ့ ထောင်းထားသော ငရုတ်သီးအနှစ်များကို ထည့်မွှေပေးပြီး ဆီသတ်ထားပါ
- ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ပြီးနှပ်ထားသော ကြက်သားများကို ထည့်မွှေပေးပါ
- ပြီးတာနဲ့ ကြက်သားများ လုံးမိအောင် မွှေပေးပါ
- ကြက်သားအသား မာကျစ်လာတာနဲ့ အာလူးကို ထည့်ပေးပြီး ရေကိုနည်းနည်းချင်း ထည့်ပြီးချက်ပေးပါ
- ကြက်သားနှင့်အာလူး နူးတဲ့အထိ ရေကိုနည်းနည်းချင်း ထည့်ပေးပြီး ချက်ပေးပါ
- အာလူးနှင့် ကြက်သား နူးလာပါက ပြုပ်ပြီးချေထားသော ပဲအိုးထဲကို ပြောင်းပြီးထည့်ကာ တည်ပေးပါ
- ရေကိုမပျစ်မကျဲ အေနအထား ရလာအောင် ထည့်ပေးပြီး ဆားနှင့် အရသာမှုန့်တို့ ထည့်ပြီး မွှေပေးကာ အရသာကို မြည်းပေးပြီး ပြင်ပေးပါ
- မိမိနှစ်သက်တဲ့ အရသာ ရလာတာနဲ့ ကြက်သား ပဲဟင်းရည် ရပြီဖြစ်တဲ့အတွက် မီးပိတ်ပေးပါ။
ပလာတာကြော်ရန်
- ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ပလာတာကို တစ်ချပ်ချင်း ထည့်ကြော်ပေးပါ
- တစ်ဖက်ကျက်တာနဲ့ တစ်ဖက်ကို လှန်ပေးပြီး နောက်တစ်ဖက် ကျက်ပါက ဆယ်ပြီးဆီစစ်ပေးထားပါ
စားပွဲပြင်ရန်
- ကြော်ထားသော ပလာတာမ်ားကို ကပ်ကျေးဖြင့် အနေတော် ညှပ်ပေးထားပါ
- ပဲဟင်းရည် ပူပူနွေးနွေးကိုလဲ ပြင်ထားပါ
- ဂေါ်ဖီကို ခပ်ပါးပါးလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးပေးထားပါ
- ပူစီနံကို ရေဆေးပြီး ရေစစ်ထားပါ
- သံပုရာသီးကို ရေဆေးပြီး လေးစိတ်စိတ်ထားပါ
- အားလုံး အဆင်သင့် ဖြစ်တာနဲ့ ပန်းကန်ပြား တစ်ချပ်ထဲမှာ ပလာတာ ထည့်ပေးပြီး ကြက်သား ပဲဟင်းရည်ဆမ်းကာ ဂေါ်ဖီ ပူစီနံ ငရုတ်သီးစိမ်းနှင့် သံပုရာရည်တို့ကို ထည့်ပေးကာ ပြည်ပလာတာ ပူပူလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment