Wednesday 27 June 2018

ကြာဇံကြော် ခေါက်ဆွဲကြော်နှင့်စားရန် အချဉ်


အိမ်ပြောင်းကာစက အိမ်မှာ အင်တာနက်ကလဲ မရသေးတော့ ခပ်ပျင်းပျင်းရှိတာနဲ့ အချဉ်စပ်နည်းလေးတွေ သီးရွက်စုံ ဖျော်ရည်လုပ်နည်းလေးတွေကို ရက်တိုသင်တန်းလေး ဖွင့်တာနဲ့ သွားတက်ဖြစ်ခဲ့ပါတယ်။

ဒီနေ့တော့ ကြာဇံကြော်နဲ့ စားဖို့အတွက် ဗီယက်နမ်အချဉ်လေး လုပ်ဖြစ်လို့ အေးရှန်းခံတွင်းနဲ့ အကြိုက်တွေ့စေမဲ့ အချဉ်စပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. မန်ကျည်းသီးအနှစ် - လက်ဖက်ရည်ဇွန်း တဇွန်း
  2. မြေပဲဆီ - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  5. ငရုတ်သီးစိမ်း - နှစ်တောင့်
  6. သံပုရာရည် - လက်ဖက်ရည်ဇွန်း တဇွန်း
  7. brown sugar - လက်ဖက်ရည်ဇွန်း တဇွန်း
  8. ရေသန့် - ထမင်းစားဇွန်း သုံးဇွန်း

ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးပြီး မညက်တညက် ထောင်းပေးပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ဇလုံတလုံးထဲမှာ ထောင်းထားသော မြေပဲဆီ ငရုတ်သီးစိမ်း ငါးငံပြာရည် သံပုရာရည် ရေသန့်သန့်နှင့် brown sugarတို့ကို ထည့်ထားပါ
  • ပြီးတာနဲ့ အရသာ သမသွားအောင် မွှေပေးပြီးရင် ရပါပြီ။

No comments:

Post a Comment