Tuesday, 12 June 2018

ငါး သန့်စင်ပုံ





အိမ်မပြောင်းခင်ကတော့ အထုတ်တွေထုတ်ဖို့ အလုပ်များရတယ် ပြောင်းပြီးပြန်တော့ နေရာထိုင်ခင်း ပြန်ချရပြန်တယ် အိမ်စပြောင်းကာစဆိုတော့ အင်တာနက်ကလဲ မရပြန် အကြောင်းကြောင်းတွေကြောင့် ဘလော့လေးကို ပြစ်ထားရပြန်ပါတယ်။

ဒီနေ့တော့ ဟင်းချက်နည်းလေးတွေ မတင်ခင် မက်ဆင်ဂျာမှာ လာမေးထားကြတဲ့ ငါးသန့်စင်နည်းလေးတွေအကြောင်း တင်ပေးလိုက်တယ် လုပ်တတ်ကိုင်တတ်သူတွေအတွက် အရမ်းအရမ်းကို လွယ်ကူပေမဲ့ မကိုင်တတ်တဲ့သူတွေ အတွက်တော့ ခက်ခဲမှာ သေချာပါတယ် သိချင်သူတွေအတွက် မျှဝေလိုက်ပါတယ်ရှင်။

သန့်စင်ပုံ

  1. မည့်သည့်ငါးမဆို ငါးအကောင်ကြီးပါက ငါးမှာမလိုအပ်သော ဆူးတောင်များ ရေယက်များ ငါးဗဟက်ခွံအောက်ပိုင်းနှင့် ငါးနူတ်သီးတို့ကို အရင်ဆုံး ဓါးသို့မဟုတ် ကပ်ကျေးနှင့် ဖြတ်ပေးပါ
  2. နူတ်ခမ်းနေရာက အရမ်းမာနေရင်တော့ မဖြတ်ဘဲ ထားပေးပါ
  3. ပြီးတာနဲ့ ငါးရဲ့ အပေါ်မှ အကြေးခွံများကို ငါးအမြှီးဘက်မှနေပြီး ဓါးနှင့်အပေါ်ဖက်ကို ပြောင်းပြန်လှန်ပြီး အကျေးခွံများ ကွာသွားအောင် ထိုးခွာပေးပါ
  4. ငါးတကောင်လုံးမှာ ရှိနေတဲ့ အကျေးခွံများကို ထိုပုံစံအတိုင်း ခွာပေးပါ
  5. အကျေးခွံများ ကုန်သွားပါက ငါးရဲ့ ဗိုက်ကို ခွဲပေးပြီး အထဲမှ မလိုတာတွေ ဖယ်ပေးပါ
  6. ပြီးတာနဲ့ ငါးတကိုယ်လုံးကို ငါးရဲ့ ခေါင်းဖက်မှနေပြီး ခပ်စောင်းစောင်း မွှန်းပေးပါ
  7. မွှန်းပြီးတာနဲ့ မိမိနှစ်သက်သလို ခုတ်ပေးပါ
  8. အကောင်လိုက် ချက်မည် ကြော်မည် ပေါင်းမည်ဆိုပါက အကောင်လိုက် ရေစင်အောင်ဆေးပေးပါ
  9. ပြီးတာနဲ့ ငါးအသားများနှင့် ငါးဗိုက်နေရာတို့ကို ရေလေးထပ်လောက် ဆေးပေးပါ
  10. ငါးခေါင်းကိုတော့ အထဲမှ မလိုသော ပါးဟက်များကို ဖယ်ပေးကာ ငါးခေါင်းအတွင်းဖက်ကို ရေ ၅ထပ်လောက် ဆေးပေးပါ
  11. သန့် စင်ပြီး အားလုံးအဆင်သင့် ဖြစ်တာနဲ့ လိုအပ်သော အရသာနယ်ကာ ဟင်းချက်ရန် အဆင်သင့် ရပါပြီ။

No comments:

Post a Comment