Sunday 17 June 2018

ကြက်သားဟင်း မလေးရှားစတိုင်လ်







ဒီနေ့တော့ ကြက်သားကို ချိုချိုချဉ်ချဉ် အရသာလေးနဲ့ စားလို့ကောင်းအောင် မလေးရှား ဟင်းချက်နည်းလေးနဲ့ brown sugar soy sauce နှင့် သံပုရာရည်တို့ထည့်ကာ ချက်ထားတဲ့နည်းလေး မျှဝေပေးလိုက်ပါတယ်။

မာမာကတော့ ၂ယောက်စာဘဲ ချက်ပါတယ် အခုက ကြက်ပေါင် ၈ခုစာ ချက်ဖို့အတွက် အချိုးအစားလေးကို ရေးပေးထားပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်သား - ၈ခု
  • ကြက်သွန်နီ - အနေတော် တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • brown sugar - ထမင်းစားဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • Chicken stock - 1/2 cup
  • Soy sauce - ထမင်းစားဇွန်း ၂ဇွန်း
  • သံပုရာရည် - ထမင်းစားဇွန်း တဇွန်း
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး အသားတဖက်စီကို ခပ်စောင်းစောင်း တချက်စီ မွှန်းပေးပါ
  • ကြက်သားကို ဆား နနွင်းမှုန့်တို့ဖြင့် အရသာနယ်ပြီး နှပ်ထားပါ
  • သံပုရာရည်ကို ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ရောထောင်းထားပါ
  • Soy sauce, chicken stock, brown sugar,ဆီ သံပုရည်တို့ကို ပြင်ထားပါ

ပြင်ဆင်ပုံ

  • ဒယ်အိုးတလုံးမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ငရုတ်သီးမှုန့် အနှစ်ထောင်းကိုထည့်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာပါက အရသာနယ်ထားသော ကြက်သားများကို ထည့်ပြီးမွှေပေးပါ
  • ကြက်သား အပေါ်ယံကြောတွေ မာတင်းလာအောင် ဆီသတ်ပေးပြီးမှ ရေအနည်းငယ်ထည့်ပြီး အိုးအဖုံးကိုပိတ်ကာ တည်ပေးပါ
  • အိုးမကပ်စေရန် အိုးကို လှုပ်လှုပ်ပေးပါ
  • ဆီသံလေး ကြားလာတာနဲ့ brown sugarနှင့် soy sauce ထည့်မွှေပေးကာ ရေအနည်းငယ်ထည့်ပြီး တည်ပေးပါ 
  • ထည့်ထားသော ရေခမ်းတာနဲ့ ကြက်သားနူးအောင် ရေအနည်းငယ်စီ ထပ်ထပ်ထည့်ပြီး ကြက်သားနူးအောင် တည်ပေးပါ
  • ကြက်သားနှုးအိလာပြီဆိုတာနဲ့ သံပုရာရည်ကို ထည့်မွှေပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ဆီပြန်ရအောင် တည်ပေးပါ
  • ဆီပြန်ပြီဆိုတာနဲ့  အရသာရှိသော ချိုချဉ်စပ်နေတဲ့ ကြက်သားပြန် ချဉ်စပ် မွှေးမွှေးလေးကို စားပွဲပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment