Thursday 14 June 2018

Red berry juce


တခါတလေ အသီးလေးတွေကို ဒီအတိုင်း စားရတာထက် ဖျော်ရည်လေး လုပ်သောက်ရတဲ့ အရသာက ပါးစပ်ထဲမှာ အရသာတမျိုးကို ရစေပါတယ် မာမာကတော့ အရမ်းအချိုကြီး မကြိုက်လို့ သကြားကိုအနေတော်ဘဲ ထည့်ဖျော်ထားပါတယ် အချိုကြိုက်ရင်တော့ သကြားကို ပိုပြီးထည့်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. Red berry - အလုံး ၂၀ခန့်
  2. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း ၅ပုံတစ်ပုံ
  4. ရေခဲ - လက်နှစ်လုံးအရွယ် ၁၀ခဲ
  5. ရေသန့် - ဖန်ခွက် နှစ်လုံးစာ

ပြင်ဆင်ပုံ
  • Red berry သီးများကို ရေဆေးထားပါ
  • Red berry သီးများ ဆား သကြား ရေခဲတို့ကို ရောပြီး ဘလန်ဒါထဲမှာ အရင်ဆုံးထည့်ပေးကာ ညက်နေအောင် ထည့်ကြိတ်ပေးပါ
  • Red berry သီးများနှင့် သကြား ရေခဲများကျေသွားတာနဲ့ ရေသန့်သန့်ကို ဖန်ခွက်နျစ်ခွက်စာရောပြီး အနည်းငယ် ထပ်ကြိတ်ပေးပြီးRed berry juice ချိုအေးမွှေးလေးကို သောက်နိုင်ပါပြီ။

No comments:

Post a Comment