Friday 15 June 2018

သလဲသီးဖျော်ရည်


တခါတလေ အသီးလေးတွေကို ဒီအတိုင်း စားရတာထက် ဖျော်ရည်လေး လုပ်သောက်ရတဲ့ အရသာက ပါးစပ်ထဲမှာ အရသာတမျိုးကို ရစေပါတယ် မာမာကတော့ အရမ်းအချိုကြီး မကြိုက်လို့ သကြားကိုအနေတော်ဘဲ ထည့်ဖျော်ထားပါတယ် အချိုကြိုက်ရင်တော့ သကြားကို ပိုပြီးထည့်နိုင်ပါတယ်။

သဘာဝ အသီးအနှံများမှာ လူသားများအတွက် ကျန်းမာရေးကို အထောက်အကူပေးသော ဓါတ်များပါဝင်ကြပြီး သလဲသီးမှာ ဗီတာမင်ဓါတ် A, B 5, B 6, Eနှင့် ဗီတာမင် K တို့ ပါဝင်ကြပါတယ်။
လူသားတို့၏ ဦးနှောက်ကို ကျန်းမာဖွံ့ဖြိုးစေခြင်း နှစ်လုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးခြင်း အူမကြီးကင်ဆာဖြစ်ခြင်းကို ကာကွယ်ပေးခြင်း ဆီးကျိတ်ကင်ဆာဖြစ်စေသော အရာများကို ကာကွယ်ပေးခြင်း ရင်သားကင်ဆာဖြစ်စေသော အကြောင်းရင်းများကို ကာကွယ်ပေးခြင်း သွေးအားကျခြင်းကို ကာကွယ်ပေးခြင်း ကိုယ်ဝန်ဆောင် မိခင်များအတွက် မီးဖွားခြင်းကို လွယ်ကူစေပြီး ရင်သွေးကိုလည်း ဦးနှောက်ဖွံ့ဖြိုးမှုကိုလဲ တိုးတက်မြန်ဆန်စေပါတယ်လို့ သုတေသီများက တွေ့ရှိထားပါတယ်။
သလဲသီးကို ဖျော်ရည်လုပ်ပြီး သောက်နိုင်သလို ဖျော်ရည်မလုပ်ပဲ အသီးထဲမှ အစေ့လေးများကိုလဲ ဒီအတိုင်းလဲ စားနိုင်ပါတယ် သလဲသီးကို နှစ်လုံးရောဂါရှိသူများ နှစ်လုံးသွးကြောကျဉ်း ရောဂါရှိသူများ သွေးကြောပိတ် ဝေဒနာ ခံစားနေရသူများ ကိုယ်ဝန်ဆောင် မိခင်များအနေဖြင့် သဘာဝမှ ပေးထားတဲ့ သလဲသီးကို စားသုံးနိုင်ကြောင်း ကျန်းမာရေး စာစောင်များမှာ ဖော်ပြထားပါတယ်။

ပါဝင်ပစ္စည်းများ

  1. သလဲသီး - တလုံး
  2. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း ၅ပုံတစ်ပုံ
  4. သံပုရာသီး - တစ်စိတ်
  5. ရေခဲ - လက်နှစ်လုံးအရွယ် ၁၀ခဲ
  6. ရေသန့် - ဖန်ခွက် နှစ်လုံးစာ
ပြင်ဆင်ပုံ
  • သလဲသီးကို ထက်ခြမ်းမခွဲခင် အသီးပါတ်ပါတ်လည်ကို သစ်သားဒုတ်နှင့် အသာအရာ လိုက်ထုပေးထားပါ
  • ပြီးတာနဲ့ အသီးကို ထက်ခြမ်းခွဲပေးကာ အထဲမှ အစေ့လေးများကို ချွေပေးပါ
  • သလဲသီးအစေ့များ ဆား သကြား ရေခဲတို့ကို ရောပြီး ဘလန်ဒါထဲမှာ အရင်ဆုံးထည့်ပေးကာ ညက်နေအောင် ထည့်ကြိတ်ပေးပါ
  • သလဲသီးအစေ့များနှင့် ဆား သကြား ရေခဲများကျေသွားတာနဲ့သံပုရာညှစ်ထည့်ကာ ရေသန့်သန့်ကို ဖန်ခွက်နှစ်ခွက်စာရောပြီး အနည်းငယ် ထပ်ကြိတ်ပေးပါ
  • ပြီးတာနဲ့ သလဲသီးဖျော်ရည် ချိုချဉ်အေး မွှေးမွှေးလေးကို သောက်နိုင်ပါပြီ။

No comments:

Post a Comment