Tuesday 19 June 2018

Avocado Smoothie




အခုရက်ထဲ လတ်လတ်ဆတ်ဆတ် အသီးအရွက် ဖျော်ရည်ဖျော်နည်းလေးတွေ တင်ပေးမယ်လို့ စိတ်ကူးထားလို့ အလျင်းသင့်သလိုလေးတွေ တင်ပေးသွားပါ့မယ် ဒီနေ့တော့ Avocado Smoothie လုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ထောပါတ်သီး - ခပ်ကြီးကြီး တလုံး
  2. သကြား - ထမင်းစားဇွန်း တဇွန်း
  3. အုန်းနို့ - 1/2 cup
  4. ရေခဲတုန်း - 1 cup
  5. ဘလင်ဒါ

ပြင်ဆင်ပုံ
  1. ထောပါတ်သီးကို အခွံခွာ အထဲမှ အစေ့ထုတ်ကာ အနေတော် အတုံးလေးတွေ တုံးပေးထားပါ
  2. သကြား အုန်းနို့နှင့် ရေခဲတုန်းတို့ကို ပြင်ထားပါ
  3. အားလုံးအဆင်သင့်ဖြစ်တာနဲ့ ရေခဲတုန်း အုန်းနို့ သကြားနှင့် ထောပါတ်သီးတို့ကို ဘလင်ဒါထဲထည့်ပေးပါ
  4. အားလုံးကို ကျေပြီးသမသွားအောင် ကြိတ်ပေးပါ
  5. ပြီးတာနဲ့ Avocado Smoothie ကို မိမိနှစ်သက်သော ဖန်ခွက်ထဲထည့်ပေးကာ ရွှေရင်အေးမြသွားအောင် သုံးဆောင်နိုင်ပါပြီ။

4 comments:

  1. မင်္ဂလာပါအန်တီမာရှင့် သမီးကအန်တီရဲ့ blog ထဲအမြဲဝင်ကြည့်ဖြစ်တဲ့သူပါ face book မှာလဲအန်တီ့အကောင့်လေးကိုတွေ့လို့ add ထားပါတယ်ရှင့်

    ReplyDelete
    Replies
    1. Facebook မှာ လက်ခံပေးဖို့ သမီးနံမည် မသိရတော့ လက်ခံပေးလို့ မရဘူးရယ်

      Delete
  2. Aye Minn Thu နာမည်နဲ့ addထားပါတယ်ရှင့်

    ReplyDelete
    Replies
    1. သမီး​ရေ add ထားတဲ့လူ ၃၀၀၀​ကျော်​ဆို​တော့ အန်​တီ ရှာတာ ရှာလို့မရဘူးရယ်
      မက်​ဆင်​ဂျာက​နေ Hi လိုက်​ရင်​​တော့ ရှာလို့လွယ်​မယ်​ ထင်​တယ်​​နော်​။

      Delete