Wednesday 13 June 2018

မုန့်လုံးကြီး အုန်းနို့ဆမ်း













မြန်မာမုန့်လေးတွေ တမ်းတမိတိုင်း တခုမဟုတ် တခုတော့ လုပ်စားဖြစ်ပါတယ် ဒီနေ့တော့ မာမာအရမ်းကြိုက်တဲ့ မုန့်လုံးကြီး အုန်းနို့ဆမ်း လုပ်ဖြစ်တဲ့အတွက် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ယိုးဒယား ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၃ခွက်
  2. ရ - ထမင်းပေါင်းအိုးဆန်ချင်ဗူး တဗူးသာသာ
  3. အုန်းသီးမှုန့် - 100 g (အုန်းသီးအခြောက်မှုန့် ခြစ်ပြီးသားကို သုံးထားပါတယ်)
  4. ထန်းလျှက်ခဲ - 100 g ထန်းလျှက်မရှိက( သကြားကို သုံးနိုင်ပါတယ်)
  5. အချိုအရသာ ပေါ့ပေါ့ကြိုက်လျှင် ထန်းလျှက်ကို လျော့ပြီးကျိုပါ

အုန်းယိုထိုးရန်
  • Ready made အုန်းသီးမှုန့်ကို အဆင်သင့် ပြင်ထားပေးပါ
  • ထန်းလျှက်ခဲကို ရေအနည်းငယ်ထည့်ပြီး ကျေသွေားအာင် မီးအပူပေးပါ
  • ထန်းလျှက်ခဲ အရည်ပျော်လာပါက အမှိုက်မပါအောင် အ၀တ်စသန့်သန့်နှင့် စစ်ပေးပါ
  • သန့်စင်ထားပြီးသော ထန်းလျှက်ရည်နှင့် အုန်းသီးမှုန့်ကို အိုးထဲထည့်ပြီး ထန်းလျှက်ရည် ခမ်းတဲ့ထိမွှေပေးပါ
  • အုန်းယိုဖြစ်သွားပါက အအေးခံထားပါ။
အုန်းဆီချက်ရန်
  • Ready made အုန်းနို့ဗူး 100 g ကိုဆီ ထမင်းစားဇွန်း ၂ဇွန်းထဲ့ပြီး မီးအနေတော်နှင့် အုန်းဆီချက်ပါ
  • အုန်ဒဆီချက်နေစဉ် အဆက်မပြတ် မွှေပေးပြီး အုန်းနို့ပျစ်လာချိန်မှာ မီးပိတ်ပြီး အအေးခံထားပါ
မုန့်လုံးဖို့အတွက် ပြင်ပါမယ်
  • ဇလုံကျယ်ကျယ်ထဲမှာ ကောက်ညှင်းမှုန့်ကို ထည့်ပေးပြီး ရေနည်းနည်းချင်း ထည့်ကာ နယ်ပေးပါ
  • မုန့်သားပျော့ပြီး စေးပိုင်လာပါက ရေပိုနေရင် ချန်ထားလိုက်ပါ
  • တခါတရံ အသုံးပြုသော ကောက်ညှင်းမှုန့်များ မတူတဲ့အတွက် ရေကိုတခါထဲ မထည့်ဘဲ ဖြေးဖြေးချင်းထည့်ပြီး မုန့်သားကို နယ်ပေးပါ 
  • ရေကိုလိုသလောက်ဘဲ သုံးပေးပါ
  • မုန့်သားပျော့လာပါက အ၀တ်ရေစိုလေး အုပ်ထားပေးကာ  နာရီဝက် တနာရီလောက် အခန်းအပူချိန်အတိုင်း ထားပေးပါ
  • အုန်းယိုကို ကွမ်းသီးဆံလောက် အလုံးလေးတွေ လုံးပေးထားပါ
  • မုန့်သားနှပ်ထားချိန် ပြည့်သွားတာနဲ့ မုန့်သားကို ကွမ်းသီးလောက် အနေအထား ရအောင်ယူပြီး လက်ဝါးနှစ်ဖက်နှင့် ပွတ်ပြီး လုံးပေးပါ
  • အလုံးလေးဖြစ်သွားတာနဲ့ လက်ဝါးပေါ်တင်ပြီး အလယ်ကို အချိုင့်လေးဖြစ်အောင် လက်မနှင့်ဖိလိုက်ပါ
  • ချိုင့်သွားသောနေရာသို့ အုန်းယိုတခု ထဲ့လိုက်ပါ
  • အုန်းယိုပေါ်သို့ မုန့်သားနှင့် ပြန်အုပ်ပြီး ဝိုင်းနေအောင် လုံးပေးပါ
  • အုန်းယို မပေါ်အောင် မုန့်သားကို သတိထားပြီး အုပ်ပေးပါ
  • အုန်းယိုပေါ်နေပါက မုန့်သားကို ရေပူထဲ ထည့်ပြီးပြုပ်ချိန်မှာ အုန်းယိုများ အပြင်သို့ ပေါက်ထွက်သွားတတ်ပါတယ်
မုန့်လုံးကြီးပြုပ်ရန်
  1. ရေအေးကို ဇလုံတလုံးထဲမှာ ထည့်ပေးထားပါ
  2. ငှက်ပျောဖက်ကို ရေဆေးပြီး ရေစင်အောင် သုတ်ပေးကာ ဆီနှင့် သုတ်ပေးထားပါ
  3. မုန့်သားအားလုံး အစာထည့်ပြီး လုံးပြီးပါက ဇောက်နက်သော အိုးထဲမှာ ရေများများထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  4. ရေပွက်ပွက် ဆူလာပါက လုံးထားသော မုန့်လုံးများကို တလုံးချင်း ထည့်ပေးပါ
  5. မုန့်သားကျက်ပြီး ရေပေါ်ပေါ်လာပါက မုန့်အတွင်းသားများ ကျက်စေရန် သုံးမိနစ်လောက် ထားပြီးမှ ဆယ်ပေးပါ
  6. ဆယ်ထားသော မုန့်လုံးများကို ရေအေးဇလုံထဲ ထည့်ပေးပြီး အေးသွားလောက်တော့မှ ဆီသုတ်ထားသော ငှက်ပျောဖက်ပေါ်သို့ ဆယ်ပြီး တင်ထားပေးပါ
  7. ရေစစ်ထားသော မုန့်လုံးများအား ထိပ်အလယ်မှ ကပ်ကြေးနှင့် ကန့်လန့်ဖြတ် နှစ်ချက်ညှပ်ပေးပြီး အုန်းဆီဆမ်းကာ စားပွဲပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment