Thursday 24 August 2017

ကြံမဆိုင်လုပ်နည်း (ပထမနည်း)









ဒီနေ့တော့ ကိုယ်​တိုင်​လုပ်​ ကြံမဆိုင်​ လုပ်နည်းလေး မျှဝေလိုက်ပါတယ် ကိုယ့်​ဘာသာကို ထည့်​လိုက်​​တော့လဲ သန့်​သန့်​​လေး စားရပါတယ်
အကြာကြီးလဲ ​စောင့်​စရာမလိုဘူး ရာသီဥတုပူ​နေရင်​ ၃ရက်​ ရာသီဥတု မပူရင်တော့ ၅ရက်လောက် ထားပြီးရင် စားလို့ရပြီ


ပါဝင်​ပစ္စည်းများ

  1. မုန့်ညှင်းစိမ်း - တစ်ကီလို
  2. ဆား - ထမင်းစားဇွန်း လေးဇွန်း
  3. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
ပြင်ဆင်ပုံ

  1. မုန့်ညှင်းစိမ်းအရွက်​ကို ရေစင်အောင်ဆေးပေးပြီး ရေစစ်ထားပါ
  2. ရေစစ်ပြီဆိုတာနဲ့ ဆားကြမ်းကြမ်းနှင့် နယ်ထားပါ 
  3. ငရုတ်သီးတောင့်ကို ရေဆေးပြီး ရေစစ်ထားပါ
  4. အရွက်များ အချဉ်တည်နေစဉ် အူလည်လည် မဖြစ်စေရန်  ဆားကို ခပ်​ငံငံ​လေး နယ်​ပေးပါ
  5. နယ်ပြီးတာနဲ့ ပုလင်းသန့်သန့်ထဲကို ထည့်​ပေးပါ
  6. အရွက်များနှင့်အတူ ငရုတ်သီးတောင့်လေးတွေကို ထည့်ပေးပါ
  7. ပြီးတာနဲ့ ပုလင်းကို ​လေလုံ​အောင် ​ပိတ်​ထားပြီး အခန်းအပူချိန်အတိုင်း ထားပါက ၂ရက်လောက်ဆို ဆားရည်များ ပျော်လာပါလိမ့်မယ်
  8. ဆားရည် ပျော်လာပါက အရွက်များ မြုပ်သွားအောင် ဇွန်းသန့်သန့်နှင့် ဖိဖိပေးပါ
  9. ရာသီဥတုပူရင် သုံးရက်လောက် ထားရပြီး ရာသီဥတု မပူရင်တော့ ၅ရက်လောက်ဆို စားလို့ရပါပြီ
  10. အိမ်အပြင်မှာ နေပူနေပါက​ ​နေပူထဲမှာ  ပြပြ​ပေးပါ
  11. သူ့ဘာသာသူ ဆားရည်​​လေး​တွေ ထွက်​လာပါက အရွက်​များ မြုပ်​​အောင်​ ဇွန်းသန့်​သန့်​နဲ့ ဖိဖိ​ပေးပြီး အဖုံးလုံ​အောင်​ ပြန်​ပိတ်​ထားကာ ​နေပြန်​ပြ​ပေးပါ
  12. ၃ရက်​​လောက်​ဆို မိမိနှစ်သက်သလို ပြင်ဆင်ချက်ပြုပ် စားလို့ရပြီ
  13. နေမပူရင်တော့ အနည်းဆုံး ၅ရက်လောက် ထားပေးပြီးပါက မိမိနှစ်သက်သလို ပြင်ဆင်ကာ စားနိုင်ပါပြီ။

3 comments:

  1. မုန်ညှင်းချဉ်ဆို ဘယ်လိုဖြစ်ဖြစ်ကြိုက်လို့ လုပ်နည်းလေးမှတ်သွားတယ်တယ် အန်တီ...း)

    မိုးငွေ့

    ReplyDelete
  2. thanks, i'll try it as your methods.

    ReplyDelete
  3. unicode လေးပြေင်းပေးပါလားဗျာ

    ReplyDelete