Wednesday 16 August 2017

ငါးကင်


ဒီတခါတော့ မြန်မာပါးစပ် ခံတွင်းတွေ့စေမဲ့ ငါးကင် ကင်ပါတယ် ကင်တယ်ဆိုတာထက် ဒယ်အိုးထဲမှာ အိုးကင်ပူ တိုက်တယ်ဆိုရင် ပိုမှန်မှာပါ အရသာထူးပြီး စားကောင်းစေတဲ့အတွက် အိုးပူ တိုက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါး အသားပြား - ၃ခု
  2. ဆား  - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. အချိုမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  5. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. သံလွင်ဆီ - ထမင်းစားဇွန်းတစ်ဇွန်း (သံလွင်ဆီမရှိက တခြားဆီကို သုံးနိုင်ပါတယ်)

ပြင်ဆင်ပုံ

  1. ငါးအသားပြားကို ရေဆေးကာ ရေစစ်ထားပါ 
  2. ရေစစ်ထားသော ငါးအသားပြားကို ရေစစ်တာနဲ့ ဆား အချိုမှုန့် ငရုတ်ကောင်းမှုန့် နနွင်းမှုန့်တို့နဲ့ ခပ်ဖွဖွဆုတ်ပြီး နယ်ပေးပါ
  3. အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ်ထည့်ပါ
  4. ဆီပူလာတာနဲ့ငါးကိုထည့်ပြီး အိုးထဲထည့်ပေးပါ
  5. ၂မိနစ်လောက်အပူပေးပြီး ငါးအပေါ်ယံကို ဆီအနည်းငယ် သုတ်ပေးကာ တဖက်ကို လှည့်ပေးပြီး ကင်ပါ
  6. နောက်တဖက်ကိုလဲ ၂မိနစ်လောက်ကင်ပေးပြီးရင် ရပါပြီ
  7. မွှေးပြီးချိုနေသော ငါးကင်ကို ပန်းကန်ထဲ ပြောင်းထည့်ကာ စားပွဲပြင်နိုင်ပါပြီ။

No comments:

Post a Comment