Saturday 19 August 2017

ပဒဲကောအမှုန့် ပြုလုပ်နည်း










ဒီနေ့တော့ မုန့်တီချက်ရာမှာ မပါမဖြစ်တဲ့ ပဒဲကော အမှုန့်လုပ်နည်းလေး မျှဝေပေးပါမယ် ငရုတ်ဆုံနဲ့ ထောင်းမှ အဆင်ပြေနိူင်ပေမဲ့ မာမာကတော့ ဗလင်ဒါနဲ့ ကြိတ်ပေးပြီး လိုချင်တဲ့အချိန် အလွယ်တကူရအောင် ရေခဲသေတ္တာထဲထည့်ကာ သိမ်းပါတယ်။

တစ်ပါတ်တစ်ရက်လောက်တော့ အမြဲတမ်းလိုလို မုန့်တီချက်သောက်ဖြစ်တဲ့အတွက် အလုပ်အားတဲ့ အချိန်လေးတွေမှာ အခုလို ပြင်ဆင်ထားရင်တော့ မုန့်တီတစ်အိုးက ခနလေးနဲ့ ကျက်နိူင်ပါတယ်။

ဗလင်ဒါလို့ အလွယ်တကူပြောပေမဲ့ မာမာကြိတ်တဲ့ ဗလင်ဒါက မုန့်ဖုတ်ရာမှာသုံးဖို့ ဂျုံကို နှဲလို့ ရသလို အသားတွေကိုလဲ ကြိတ်လို့ရပါတယ် အသီးအရွက် ကြိတ်တဲ့ဗလင်ဒါနဲ့ အမျိုးအစားက မတူပါဘူးရှင်။

ပြင်ဆင်ပုံ
  1. အရင်ဆုံး ပဒဲကောတွေကို ရေစင်အောင် ဆေးပေးပါ
  2. ရေဆေးပြီးတာနဲ့ ခပ်ပါးပါးလေးတွေ ရအောင်လှီးပေးပါ
  3. ပဒဲကောက အရမ်းမာတဲ့အတွက် လှီးတဲ့အခါမှာ ဓားမထိအောင် သတိထားပြီး လှီးပေးပါ
  4. အားလုံးလှီးပြီးတာနဲ့ ဗလင်ဒါထဲကို လက်တဆုတ်စာလောက် အရင်ဆုံးထည့်ကာ လေးစိတ်ကွဲအနေအထား ရအောင် ကြိတ်ပေးပါ
  5. ပြီးတာနဲ့ ကျန်နေသော ပဒဲကောများကို ထည့်ပေးပြီး ကြိတ်ပေးပါ
  6. တစ်ခါကြိတ်လျှင် တစ်မိနစ်လောက် ကြိတ်ပေးပြီး စက်ကိုအနားပေးတဲ့ အနေနဲ့ တစ်ခါနားပါ
  7. နောက်တစ်ခါ တစ်မိနစ် ထပ်ကြိတ်ပြီး တစ်ခါနားပါ
  8. ထိုနည်းအတိုင်း မိနစ်၂၀လောက် ကြိတ်ပေးလိုက်ရင် ပဒဲကော အမှုန့်ကို ရလာမှာ ဖြစ်ပါတယ်ရ
  9. လာသော ပဒဲကောမှုန့်များကို လေလုံအောင် အထုတ်လေးများထုတ်ပြီး ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ထားရင် နှစ်ပေါက်အောင်ထားပြီး သုံးလဲ အနံ့အရသာက ပြောင်းမသွားဘဲ ရှိနေပါတယ်
  10. ခပ်ပါးပါး လှီးထားသော ပဒဲကော အချပ်လေးများကိုလဲ ဟင်းခါးရည်ချက်ရာတွင်၎င်း အသားဟင်း ချက်ရာတွင်၎င်း အသုံးပြုနိူင်အောင် လေလုံသော အိတ်လေးများတွင် ထည့်ထားပြီး ခဲထားနိူင်ပါတယ်။

2 comments:

  1. ရှယ်ခြင်ပါတယ်

    ReplyDelete
    Replies
    1. Share လို့ရပါတယ်ရှင်။

      Delete