Saturday 26 November 2016

ကြက်အမြစ် ဆီပြန်






ကြက်အမြစ်ကို လူအများစုက မစားကြပေမဲ့ မာမာကတော့ ငယ်ငယ်လေးထဲက အရမ်းကြိုက်လို့ မကြာခန ချက်စား ဖြစ်ပါတယ် ကြက်အမြစ်ကို စင်အောင်ဆေးတတ်ဖို့တော့ လိုပါတယ် ချက်နည်းလေးကတော့ ချက်နေကျနည်းအတိုင်း ချက်နိုင်ပါတယ် ဒါကြောင့်မို့လို့ ကြက်အမြစ်ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်။

ဟင်းချက်ရန် ပါဝင်ပစ္စည်းများ

  • ကြက်အမြစ် - 500g 
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တဝက် 
  • ဆီ - ထမင်းစားဇွန်း ၇ဇွန်း
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ကြက်သွန်နီ - ခပ်ကြီးကြီး တဥ
  • ချင်း - လက်တဆစ်ခန့်
  • စပါးလင် - ထမင်းစားဇွန်း တဇွန်း
  • ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း တဇွန်း
  • မဆလာ - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်
ကြက်အမြစ်ဆေးရန်
  • ကြက်အမြစ်ကို ထက်ဝက်ခြမ်းပြီး အထဲမှ မလိုသော အစာအိတ်ကို ဖယ်ပေးပါ
  • အစာအိတ်ဖယ်ပေးထားသော ကြက်အမြစ်ကို ဆား ထမင်းစားဇွန်း တဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းတို့ထည့်ကာ ရောပြီး နယ်ပေးပါ
  • နယ်နေစဉ် အမြစ်မှ မလိုအပ်သော အရည်များထွက်လာတာနဲ့ ရေ ၅ခါလောက်နှင့် ရေစင်အောင်ဆေးပေးပါ

ကြက်အမြစ် အရသာနယ်ရန်
  • ကြက်အမြစ်ကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တဝက် အားလုံးတို့ကို ကြက်အမြစ်ထဲထည့်ပြီး အရသာဝင်အောင် နယ်ထားပါ

လိုသောပစ္စည်းများ ပြင်ဆင်ပုံ

  1. ဆီ ထမင်းစားဇွန်း ၇ဇွန်း
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းထားပါ
  3. ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး မညက်တညက် ထောင်းပေးပါ
  4. ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းပေးပါ
  5. စပါးလင်ကို ညက်နေအောင် ထောင်းထားပေးပါ
  6. ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း တဇွန်း
  7. မဆလာကို ပြင်ထားပါ
ပြင်ဆင်ပုံ
  • ကြက်အမြစ်နှင့်ချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • မဆလာကို ပြင်ထားပါ
  • ဇောက်နက်သော အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ နီ ချင်း စပါးလင်ထောင်း ငရုတ်ကောင်းမှုန့် ဖာလာ လေးညှင်းနှင့် ငရုတ်သီးအရောင်တင်မှုန့်တို့ကို မွှေးလာာတဲ့ထိ ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာနယ်ထားသော ကြက်အမြစ်ကိုထဲ့ပြီး ဆီသတ်ပေးပါ
  • ကြက်အမြစ် အသားများ မာကျစ်လာတဲ့ထိ သုံးမိနစ်လောက် ဆီသတ်ပေးပါ
  • အမြစ်အသားများမာလာမှ ရေကိုမြုပ်အောင်ထည့်ပြီး ဆက်တည်ပေးပါ 
  • ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ရခမ်းပြီး ဆီပြန်လာပါက မဆလာအုပ်ပြီးတာနဲ့ အရသာနဲ့ မွှေးလွန်းတဲ့ ကြက်အမြစ်ဆီပြန်ကို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment